တဲထိုးပြီး ခရီးသွားတာကြိုက်သူတွေအတွက် သွားလို့အကောင်းဆုံးနေရာ ၁၀ ခု

မြန်မာနိုင်ငံမှာ စွန့်စွန့်စားစားနဲ့ ခရီးထွက်တာ သိပ်မတွေ့ရပေမယ့် နိုင်ငံခြားသားတွေမှာတော့ တဲထိုးပြီး ခရီးထွက်တဲ့အလေ့အထက ခေတ်စားပါတယ်။ ကျွန်တော်တို့နိုင်ငံကလူတွေလည်း ဒီလိုလည်ပတ်လို့ကောင်းတဲ့ နေရာတွေကို လေ့လာရင်း ကိုယ့်နိုင်ငံမှာလည်း စွန့်စွန့်စားစားနဲ့ ညဘက်တဲထိုးအိပ်တဲ့ ခရီးစဉ်ဘယ် လိုထွက်မလဲဆိုတဲ့ အကြံတစ်ခုတော့ထွက်လာမှာပါ။

၁။ ကွတ်အမျိုးသားပန်းခြံ တောင်၊ နယူးဇီလန်

ဒီတောင်က နယူးဇီလန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်တစ်ခုဖြစ်ပါတယ်။ တောင်တက်ပြီးလည်ပတ်တဲ့နေရာဖြစ်တာကြောင့် တဲထိုးအိပ်ပြီးခရီးထွက်မယ့် သူတွေအတွက် လည်ပတ်လို့ကောင်းတဲ့နေရာ တစ်ခုဖြစ်ပါတယ်။

၂။ ဒီဝန်၊ အင်္ဂလန်

ဒီနေရာက အင်္ဂလန်နဲ့ မိုင်ပေါင်း သန်းချီဝေးတဲ့နေရာတစ်ခုဖြစ်ပြီး ကမ်းစပ်တွေ၊ ချောက်ကမ်းပါးတွေနဲ့ နီးတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နွေရာသီမှာလာရင်တော့ နေဝင်ဆည်းဆားအလှကို အပြည့်အဝခံစားလို့ရမှာပါ။

၃။ လော့လွန်မို နဲ့ တရိုဆက်စ်၊ စကော့တလန်

ဒီနေရာကတော့ တရိုဆက်စ် ရွာအနီးမှာတည်ရှိနေတာဖြစ်ပြီး တောင်တွေရှိတဲ့အရပ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

၄။ အက်ပ်၊ ပြင်သစ်

နှင်းလျှောစီးတဲ့သူတွေနဲ့ တောင်တက်သမားတွေက ဆောင်းဦး ရာသီမှာဒီနေရာကိုရောက်လာကြပါတယ်။ သင်သာ တဲထိုးပြီး ညဘက်မှာကောင်းကင်ပြာပြာကိုကြည့်ရင်တော့ သာယာတဲ့ ခံစားမှုကို ရရှိစေမှာပါ။

၅။ ဟောဆာအမျိုးသားပန်းခြံ၊ ဖင်လန်

နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိကာ အမျိုးသားပန်းခြံအသစ်တစ်ခုလည်းဖြစ်ပါတယ်။ မြေမျက်နှာပြင်မညီညာတဲ့နေရာတစ်ခုမဟုတ်ပေမယ့် ချောင်းနားမှာ ရှိတာဖြစ်တာကြောင့် ငါးမျှားပြီး တဲထိုးဖို့အတွက် ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

၆။ စကိန်း၊ ဆွီဒင်

ကမ်းခြေ၊ တောအုပ် နဲ့ ရွာနဲ့အနီးစပ်ဆုံးတည်ရှိပြီး တဲထိုးဖို့နေရာတော်တော်များများရှိတဲ့အတွက် အဖွဲ့လိုက်လာရင်တော့ အရမ်းကိုပျော်ဖို့ကောင်းမှာပါ။

၇။ ဇီယွန် အမျိုးသားပန်းခြံ၊ ယူတက်၊ အမေရိကန်

ဒီနေရာကို ညအိပ်သွားမယ်ဆိုရင်တော့ ခွင့်ပြုချက်လိုအပ်ပါတယ်။ လူတွေနဲ့ ဝေးတဲ့နေရာတစ်ခုဖြစ်ပြီး စိတ်ညစ်လို့ဖြစ်ဖြစ်၊ အပျော်အနေနဲ့ပဲဖြစ်ဖြစ် သွားလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။

၈။ ဗန်ကိုဗာကျွန်း၊ ကိုလန်ဖီယာ၊ ဗြိတိသျှ

မြစ်ကတော့ တိမ်တိမ်လေးဖြစ်တာကြောင့် ရေဆော့ကစားဖို့အတွက် အဆင်ပြေပါတယ်။ တောနက်ထဲသွားလေလေ၊ တောရိုင်းတိရိစ္ဆာန်တွေပေါလေလေပါပဲ။ ဆင်ဆင်ခြင်ခြင် သွားဖို့တော့ ပရိတ်သတ်ကြီးတို့ ဆုံးဖြတ်ရမှာပါ။

၉။ ပတာဂိုးနီးယား၊ အာဂျင်တီးနား နဲ့ ချိုင်း

လည်ပတ်ဖို့အဆင်ပြေမပြေဆိုတာတော့ ပရိတ်သတ်ကြီးတို့မြင်တဲ့အတိုင်းပါပဲ။

၁၀။ အက်စတူရီးယား၊ စပိန်

ဖော်ဖော်ရွေရွေရှိတဲ့ သူတွေနေတဲ့နေရာနဲ့ အစားအသောက်ကောင်းတွေ ရတဲ့နေရာနဲ့နီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် တဲထိုးခရီးထွက်ဖို့အတွက် အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *