တွန်ဂါနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်

ဖေဖော်ဝါရီလ ၁၂ရက်နေ့ အာရုဏ်တက်ချိန်တွင် သြစတြေးလျနိုင်ငံ အရှေ့ဘက် ပစ္စဖိတ် သမုဒ္ဒရထဲမှာ ရှိတဲ့ တွန်ဂါနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

လေတိုက်နှုန်းဟာ တစ်နာရီ မိုင်း ၁၀၀ကျော်ဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် လူအတော်အများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပါလီမန်အဆောက်အဦး အပါအဝင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ သို့သော် အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

မုန်တိုင်းဒဏ်ကြောက်ပျက်စီးမှုများအပါအဝင် ကယ်ဆယ်ရေးလှုပ်ငန်းများအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ သြစတြေးလျက ဒေါ်လာ ၃သိန်းဖိုးနီးပါး နယူးဇီလန်က ဒေါ်လာ ၅သိန်းဖိုး တို့ကို ကူညီးပေးကြောင်းလည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *