ထင်ပေါ်ကျော်ကြားသူတို့၏ ပုံမှန်မဟုတ်သောအမူအကျင့်များ

Voltaire(စာရေးဆရာ၊ သမိုင်းပညာရှင်၊ အတွေးအခေါ်ပညာရှင်)

တစ်နေ့ကိုကော်ဖီခွက်(၄၀)မှ (၅၀)ကြားသောက်ပါသည်။ သို့သော်ဆရာဝန်၏ တားမြစ်မှုကြောင့် အသက်(၈၃)အထိ နေထိုင်သွားခဲ့ရပါသည်။

Benjamin Franklin(စာရေးဆရာ၊ နိုင်ငံရေးသမား၊ တီထွင်သူ၊ သိပ္ပံပညာရှင်)

ပြတင်းပေါက်တံခါးအားလုံးကိုဖွင့်ပြီး တစ်ကိုယ်လုံးချွတ်ကာ လေအေးကို (၁)နာရီ သို့ (၂)နာရီခံပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်နိုင်မည်ဟု ယုံကြည်ထားသည်။

Henry Ford(စီးပွားရေးပညာရှင်)

ရွက်ကျပင်ပေါက်အစိမ်းရောင်အရွက်များစားခြင်း။ ပဲပေါင်မှန်နှင့် ရွက်ကျပင်ပေါက် အစိမ်းရောင်အရွက်များကို နေလည်စာအနေဖြင့် စားလေ့ရှိပါသည်။

Thomas Edison(စွန့်ဦးတီထွင်သူ)

အလုပ်ခေါ်ရာတွင် စမ်းသပ်သောနည်းမှာ ဆားကို စွပ်ပြုပ်ထဲထည့်ခိုင်းခြင်းဖြစ်သည်။ စွပ်ပြုပ်ကို အရင်မမြည်းဘဲ ဆားထည့်သူများကို အလုပ်မခန့်ပါ။

Bill Gates(စွန့်ဦးတီထွင်သူ)

နောက်မှီကုလားထိုင်တွင် ရှေ့နောက် ထိုင်လျက် ရွေ့လျားခြင်းသည် သူ၏ တီထွင်မှုနှင့် အာရုံစိုက်မှုကို တိုးစေသည်ဟု ဆိုထားပါသည်။ ထိုအကျင့်သည် တက္ကသိုလ်ကျောင်းသားဘဝကတည်းကပင် စတင်ခဲ့ခြင်းဖြစ်သည်။

Steve Jobs(စွန့်ဦးတီထွင်သူ)

Steve Jobs သည် အကြိမ်ပေါင်းများစွာငိုကြွေးခဲ့ပါသည်။ သူ၏အတ္ထုပ္ပတ္တိထဲတွင် စိတ်အလိုမကျသည့် အခါနှင့် ပျော်ရွင်သည့်အခါမျိုးတွင် ငိုကြွေးသည်ဟု ဆိုထားပါသည်။

Donald Trump(အမေရိကန်နိုင်ငံသမ္မတ)

လက်သန့်ဆေးရည်ကို အမြဲဆောင်ထားပြီး လက်ဆွဲနှုတ်ဆက်ရခြင်း၊ ဓါတ်လှေကားခလုပ် နိုပ်ရခြင်းများကို ရှောင်ကြဉ်သည်ဟု ဆိုထားပါသည်။

Yoshiro Nakamatsu(တီထွင်သူ)

လူတိုင်းသေရမည်နှင့် နီးလျှင် အကြံဉာဏ်ကောင်း ထွက်လာတတ်သည်ဟု ဆိုထားပါသည်။ ထိုကြောင့် ရေငုပ်ပြီး မသေခင်(ဝ.၅)စက္ကန့်အထိနေပြီး ထိုသို့ အကြံအသစ်များ ပေါ်လာရန် စဉ်းစားပါသည်။ ၎င်းသည် Floppy Disk အပါအဝင် တီထွင်မှုပေါင်း(၃၀၀၀)ကျော်ကို ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *