ထမင်းစားပြီးချိန်မှာ မပြုလုပ်သင့်တဲ့အရာများ

ရေမချိုးသင့်ပါဘူး။

ရေချိုးတဲ့အခါမှာ ခန္ဓကိုယ်အပူချိန်က တဖြည်းဖြည်းမြင့်လာပါတယ်။ အဲ့ဒါကြောင့် ခန္ဓကိုယ်အတွင်းရှိသွေးတွေက အရေပြားကို ပိုမိုပို့ပေးဖို့လိုတာကြောင့် အစာခြေစနစ်ကို နှေးကွေးသွားစေပါတယ်။

ရေနွေးကြမ်းမသောက်သင့်ပါဘူး။

ထမင်းစားပြီးချိန်မှာ ရေနွေးကြမ်းသောက်တာက ခန္ဓကိုယ်ကလိုအပ်တဲ့ သံဓာတ်နဲ့ အခြားသတ္ထုဓာတ်တွေကို လက်ခံတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ထမင်းစားပြီးချိန်မှာ ရေနွေးကြမ်းချက်ချင်းမသောက်သင့်ပါဘူး။

မအိပ်သင့်ပါဘူး။

ထမင်းစားပြီးပြီးချင်းမှာ ချက်ချင်းအိပ်မယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေရုံသာမက နှလုံးရောဂါဖြစ်ပွားမှုကိုပါ တိုးလာစေပါတယ်။ ထမင်းစားပြီး နှစ်နာရီကျော်လောက်မှ အိပ်တာက ပိုပြီးသင့်တော်ပါတယ်။

လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။

ထမင်းစားပြီး လေ့ကျင့်ခန်းလုပ်ရင် ကြို့ထိုးတာတွေ၊ မအီမသာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်း လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။

ဆေးလိပ်မသောက်သင့်ပါဘူး။

ဆေးလိပ်မှာပါဝင်တဲ့ ဆေးရွက်ကြီးက ခန္ဓကိုယ်ကလိုအပ်တဲ့ ဗီတာမင်ဓာတ်နဲ့ အခြားသတ္ထုဓာတ်တွေကို စုပ်ယူရာမှာ အနှောင့်အယှက်ဖြစ်စေတာကြောင့် ထမင်းစားပြီးရင် ဆေးလိပ်မသောက်သင့်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *