ထရန့်က တရုတ်မှတင်သွင်းသည့် သွင်းကုန်များအပေါ် အခွန်ထပ်တိုးကောက်မည်

ဩဂုတ်လ ၂၃ရက် သောကြာနေ့တွင် အမေရိကန်သမ္မတ Trump က တရုတ်ပြည်မှ တင်သွင်းလာသော ကုန် ပစ္စည်းများ၏ အခွန်ကို ၅% ပိုမိုတိုးကောက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဒီလ အစောပိုင်းမှာ တရုတ်က အမေရိကန်မှ တင်သွင်းလာသော ကုန်ပစ္စည်း တန်ဖိုးဒေါ်လာ75 ဘီလီယံ အပေါ် အခွန်တိုးကောက်လိုက်တာကြောင့်ဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်မှ တင်သွင်းနေသော ကုန်ပစ္စည်း အမျိုး ပေါင်း ၅၀၀၀ လောက်ကို အခွန် ၅% ကောက်ခံနေရာမှ ၁၀% အထိတိုးကောက်တော့မှာဖြစ်ပြီး အမေရိကန် မှ တင်သွင်းသောကားများကိုလည်း အခွန် ၂၅%အထိ တိုးကောက်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

ထိုသို့ တရုတ်က အမေရိကန်မှတင်သွင်းသောပစ္စည်းများအား အခွန်တိုးကောက်ခြင်းကို မကျေနပ်သဖြစ် သမ္မတထရန့် ကလည်း အောက်တိုဘာ ၁ရက်မှစကာ တရုတ်မှတင်သွင်းနေသော ဒေါ်လာ250ဘီလီယံ တန်ဖိုးရှိကုန်ပစ္စည်းများကို အခွန် ၂၅%မှ ၃၀% အထိတိုးကောက်တော့မှာဖြစ်တဲ့အပြင် အခွန် ၁၀% သာ ကောက်ထားသော ဒေါ်လာ300 ဘိလီယံတန်ဖိုးရှိ ကုန်များကိုလည်း အခွန် ၁၅% အထိတိုးကောက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခွန်တိုးကောက်မည့် ပစ္စည်းတွေထဲမှာ လျှပ်စစ်ပစ္စည်းများနှင့် အဝတ် အစား များ ပါဝင်သော်လည်း ထိုပစ္စည်းများကိုတော့ ဒီဇင်ဘာ promotion ရှိတဲ့အတွက် ဒီဇင်ဘာလ အလည် လောက်မှ အခွန်တိုးကောက်မှာဖြစ်ပါတယ်။

ထိုသို့ ကမ္ဘာ့နိုင်ငံကြီး (၂)နိုင်ငံရဲ့ ကုန်သွယ်ရေးအားပြိုင်မှုကြားတွင် စီးပွားရေးလုပ်ငန်းရှင်များက ဆုံးရှုံးမှု များသထက် များလာနေပါတယ်။ အခုလိုအခွန်တွေတိုးကောက်လိုက်ကြတဲ့အတွက် သောကြာနေ့တစ်ရက်ထဲ မှာပဲ The Dow Jones စက်မှုလုပ်ငန်းကြီးဟာ ပျမ်းမျှအားဖြစ် 620 points (သို့) 2.4% အရှုံးပေါ်ခဲ့ပြီး London’s FTSE 100 နှင့် German DAX တို့လည်း အရှုံးပေါ်ခဲ့ကြပါတယ်။

သမ္မတ Trump ဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်နေသလို သူ့ရဲ့ Federal Reserve ဥက္ကဌဖြစ်တဲ့ Jerome Powell နဲ့လည်း သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ Jerome Powell ကို သမ္မတ Trump က Twitter ပေါ်တွင် တရုတ်သမ္မတ Xi Jinping ထက် ပိုဆိုးတဲ့ ရန်သူဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Source:BBC

Leave a comment

Your email address will not be published.