ထရမ့်က Bannon သည် အလုပ်ပြုတ်တာမက ဦးနှောက်ပါပြုတ်သွားပြီးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားဖြစ်သူ Donald Junior ဟာ ရွေးကောက်ပွဲကာလ အတွင်းတွင် ရုရှားအဖွဲ့တစ်ဖွဲ့ နဲ့ တွေ့ဆုံခဲ့သဖြင့် ထရမ့်ရဲ့ နည်းဗျူဟာအကြီးအကဲဟောင်း Steve Bannon က ၎င်းဟာ နိုင်ငံတော် သစ္စာဖောက်မှု ဆံကြောင်း၊ မျိုးချစ်စိတ်ကင်းမဲ့ကြောင်း ပြောကြားခဲ့ခြင်းကို ထရမ့်ရဲ့ အိမ်ဖြူတော် အစိုးရအကြောင်းစာအုပ်မှာ ကိုးကားဖော်ပြလိုက်ပါတယ်။


ထို့သို့ ကိုးကားဖော်ပြလိုက်ပြီးနောက် မစ္စတာထရမ့်က Bannon ဟာ အိမ်ဖြူတော်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက် အလုပ်တင်မက ဦးနှောက်ပါပြုတ်သွားပြီးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ ထို့ပြင် Steve Bannon ဟာ အိမ်ဖြူတော်မှာ ရှိနေတုန်းကာလမှာ ကိုယ့်ကိုယ်ကို အရေးပါပုံဟန်ဆောင်ဖို့ရန်အတွက် မီဒီယာတွေကို သတင်းအမှားတွေဖြန့်ဝေခဲ့သူတစ်ယောက်ဖြစ်ပြီး သူနဲ့ရော သူ့အစိုးရနဲ့ပါ လားလားမျှ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


ယခင်တုန်းက ဒီကိစ္စဟာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း ရယ်စရာပျက်လုံးတစ်ခုလို့ CBS ရုပ်မြင်အသံကြားမှာ မစ္စတာ Bannon ကပြောသွားခဲ့ကြောင်း၊ ထို့ကြောင့် တကယ်တမ်း ဗလောင်းဗလဲ ပြောသူဟာ မစ္စတာ Bannon ပဲဖြစ်လိမ့်မယ်လို့ နေ့စဉ်လုပ်နေကျသတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော်မှပြောခွင့်ရသူ အမျိုးသမီးမှ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *