ထိပ်တန်းစာရင်းဝင် Search Engine များ

Google လို့ပြောလိုက်တာနဲ့ အသုံးအများဆုံး search engine ဆိုတာ လူတိုင်းလိုလိုသိကြပါတယ်။ ဒါပေမယ့် Google လိုပဲ အသုံးဝင်တဲ့ search engine တွေ ရှိပါသေးတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး search engine တွေအကြောင်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Google

Google ကတော့ အသုံးအများဆုံး search engine တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းဖုန်းများနဲ့ google အသုံးပြုရှာဖွေမှုမှာ ၈၉% အထိရှိပါတယ်။

Bing

Bing ကတော့ Microsoft က ထုတ်လုပ်ထားတဲ့ search engine ဖြစ်ပါတယ်။ Google ပြီးရင် ဒုတိယအသုံးအများဆုံးပါ။

Yahoo

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလကတည်းက Yahoo ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး တတိယနေရာမှာ ရပ်တည်နေတဲ့ searh engine တစ်ခုဖြစ်ပါတယ်။

Ask.com

Ask.com ကို Ask Jeeves လို့ အသိများကြပါတယ်။ Ask.com ကတော့ များသောအားဖြင့် အမေး၊ အဖြေကဏ္ဍတွေများပြီး မေးခွန်းတွေကို အခြားသုံးစွဲသူတွေဖြေကြားထားတဲ့ အဖြေတွေကတစ်ဆင့် သိနိုင်ပါတယ်။

AOL.com

AOL မှာ လူကြိုက်များတဲ့ engadget.com၊ techchrunch.com နဲ့ huffingtonpost.com စတဲ့ website တွေပါဝင်ပြီး လူကြိုက်အများဆုံး search engine တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Baidu

Baidu ကတော့ ၂၀၀၀ ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီူ တရုတ်နိုင်ငံရဲ့ လူကြိုက်အများဆုံး search engine တစ်ခုဖြစ်ပါတယ်။

Wolframalpha

Wolframalpha ကတော့ တစ်ခြား search engine တွေနဲ့ မတူပါဘူး။ သင့်အနေနဲ့ အချက်အလက်တွေ၊ ဒေတာတွေကို အတိအကျပေးနိုင်ရုံသာမက ဂဏန်းတွက်ချက်မှုတွေအထိပါ ပြုလုပ်နိုင်ပါတယ်။

DuckDuckGo

ဒီ search engine ကတော့ အရမ်းရှင်းလင်းပါတယ်။ ကြော်ငြာတွေနဲ့လည်း ပြည့်နှက်မနေနဲ့အပြင် ကိုယ်ရှာတဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းရရှိနိုင်ပါတယ်။

Internet Archive

archive.org ကို ၁၉၉၆ ခုနှစ်ကတည်း စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အရမ်းအသုံးဝင်တဲ့ search engine တစ်ခုဖြစ်ပါတယ်။

ChaCha.com

Chacha.com ကလည်း ask.com နဲ့ ဆင်တူပါတယ်။ အမေးအဖြေပုံစံနဲ့ ရှာဖွေနိုင်တဲ့ search engine ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *