ထိုင္၀မ္ႏုိင္ငံတြင္ ရုတ္တရက္လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ စီးပြားေရး၀န္ၾကီး ရာထူးမွ ႏႈတ္ထြက္

ၾသဂုတ္လ ၁၅ ရက္ေန႕ ညေန ၅နာရီ၀န္းက်င္ခန္႕တြင္ ထိုင္၀မ္ႏုိင္ငံ၌ ရုတ္တရက္ လွ်ပ္စစ္မီးျပတ္ေတာက္သြားသည့္ ကိစၥႏွင့္ပတ္သတ္၍ ထိုင္၀မ္စီးပြားကူးသန္းေရာင္း၀ယ္ေရး၀န္ၾကီးမွ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ျပီး တာ၀န္ယူသည့္အေနျဖင့္ ရာထူးမွ ႏႈတ္ထြက္ခဲ့ပါတယ္။

စံုစမ္းစစ္ေဆးခ်က္မ်ားအရ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးတာဘုိင္မ်ားကို ခ်ိတ္ဆက္ထားသည့္ ခလုပ္တစ္ခုအား မွားယြင္းျပီး ပိတ္မိလိုက္တာေၾကာင့္ ဓာတ္အားေပးစက္မ်ား ရုတ္တရက္လွ်ပ္စစ္ျပတ္ေတာက္သြားျပီး ထိုင္၀မ္တစ္ျမိဳ႕လံုး အေမွာင္က်သြားရျခင္း ျဖစ္သည္။ သက္ေရာက္မႈအေနနဲ႕ ၄ မီလီယံ ကီလို၀ပ္ထုတ္လုပ္ေပးေနတဲ့ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္သြားရျပီး ႏိုင္ငံရွိ စားေသာက္ဆုိင္မ်ား၊ အေဆာက္အဦးမ်ားႏွင့္ လမ္းမမ်ားအားလံုး အေမွာင္က်သြားကာ လွ်ပ္စစ္မီးျဖင့္ လည္ပတ္ေနေသာ လုပ္ငန္းမ်ားအားလံုးေပၚ သက္ေရာက္မႈ ရွိခဲ့သည္။

လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားေသာ္လည္း အရန္လွ်ပ္စစ္မီးစနစ္တို႕ အဆင္သင့္ရွိ္ေနျခင္းေၾကာင့္ ေဆးရံုမ်ား၊ က်ည္ဆန္ရထားမ်ားေျပးဆြဲမႈတို႕ကို မထိခိုက္ခဲ့ပါဘူး။ အကယ္၍မ်ား ထိခိုက္ခဲ့မယ္ဆိုရင္ မေတြးရဲစရာပါဘဲ။

သို႕ေသာ္လည္း ထိုင္၀မ္အစိုးရမွ လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ နစ္နာခဲ့တဲ့ စီးပြားေရးလုပ္ငန္း အၾကီးအေသးအားလံုးကို ဥပေဒအရ ေလ်ာ္ေၾကးေငြ ေပးရမွာျဖစ္ျပီး စက္မႈလုပ္ငန္းမ်ားမဟုတ္ေသာ သာမန္ျပည္သူလူေနရပ္ကြက္မ်ားကိုေတာ့ ေနာက္လေတြမွာ လွ်ပ္စစ္မီးခြန္ သက္သာႏုိင္ဖြယ္ရွိတယ္လို႕ သိရပါတယ္။

Unicode : ထိုင်ဝမ်နိုင်ငံတွင် ရုတ်တရက်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စီးပွားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်တွင် ထိုင်ဝမ်နိုင်ငံ၌ ရုတ်တရက် လျှပ်စစ်မီးပြတ်တောက်သွားသည့် ကိစ္စနှင့်ပတ်သတ်၍ ထိုင်ဝမ်စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတာဘိုင်များကို ချိတ်ဆက်ထားသည့် ခလုပ်တစ်ခုအား မှားယွင်းပြီး ပိတ်မိလိုက်တာကြောင့် ဓာတ်အားပေးစက်များ ရုတ်တရက်လျှပ်စစ်ပြတ်တောက်သွားပြီး ထိုင်ဝမ်တစ်မြို့လုံး အမှောင်ကျသွားရခြင်း ဖြစ်သည်။ သက်ရောက်မှုအနေနဲ့ ၄ မီလီယံ ကီလိုဝပ်ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားရပြီး နိုင်ငံရှိ စားသောက်ဆိုင်များ၊ အဆောက်အဦးများနှင့် လမ်းမများအားလုံး အမှောင်ကျသွားကာ လျှပ်စစ်မီးဖြင့် လည်ပတ်နေသော လုပ်ငန်းများအားလုံးပေါ် သက်ရောက်မှု ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသော်လည်း အရန်လျှပ်စစ်မီးစနစ်တို့ အဆင်သင့်ရှိနေခြင်းကြောင့် ဆေးရုံများ၊ ကျည်ဆန်ရထားများပြေးဆွဲမှုတို့ကို မထိခိုက်ခဲ့ပါဘူး။ အကယ်၍များ ထိခိုက်ခဲ့မယ်ဆိုရင် မတွေးရဲစရာပါဘဲ။

သို့သော်လည်း ထိုင်ဝမ်အစိုးရမှ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် နစ်နာခဲ့တဲ့ စီးပွားရေးလုပ်ငန်း အကြီးအသေးအားလုံးကို ဥပဒေအရ လျော်ကြေးငွေ ပေးရမှာဖြစ်ပြီး စက်မှုလုပ်ငန်းများမဟုတ်သော သာမန်ပြည်သူလူနေရပ်ကွက်များကိုတော့ နောက်လတွေမှာ လျှပ်စစ်မီးခွန် သက်သာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *