ထိုင်ဝမ်တွင် အမျိုးသမီးတစ်ဦး၏ ဖောင်းနေသော မျက်ရစ်ထဲမှ ပျားငယ် ၄ ကောင်တွေ့ရှိ

ထိုင်ဝမ်ရှိ ဟီလို့ခေါ်တဲ့ အမျိုးသမီးဟာ Fooyin University ဆေးရုံကြီးမှာ မျက်လုံးထဲ ပိုးကောင်ဝင်သွားသဖြင့် လာ ရောက်ကုသရာတွင် halictidae လို့ခေါ်တဲ့ ပျားငယ်လေး (၄) ကောင်ဟာ သူမ၏မျက်ရစ်ထဲတွင် မျက်ရည်များအား စား သုံးနေသည်ကို တွေ့ရှိခဲ့ပါတယ်။ ပျားများဟာ များသောအားဖြင့် ပန်းဝတ်ရည်ကိုသာ စားသုံးတဲ့ သတ္တဝါလို့ ကျွန် တော်တို့ သိထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုမှာတော့ လူများ၏ခန္ဓာကိုယ်မှထွက်တဲ့ မျက်ရည်ကိုပါ စားသုံးတယ် ဆိုတာ သိရှိခဲ့ရပါတယ်။

ပျားတွေကို ကမ္ဘာအနှံ့အပြားမှာ တွေ့ရတတ်ပြီး များသောအားဖြင့် လူမနေတဲ့ ဂူသင်္ချိုင်းနဲ့ သစ်ပင်အိုကြီးတွေမှာ အသိုက်ဖွဲ့ပြီးနေထိုင်တတ်ကြပါတယ်။ ဟီလို့ခေါ်တဲ့ အမျိုးသမီးဟာ ထိုနေ့တွင် တရုတ်တို့၏ရိုးရာဖြစ်တဲ့ သင်္ချိုင်းပွဲကို သွား ခဲ့တာဖြစ်ပါတယ်။ ၎င်းပွဲမှာ မျက်လုံးထဲကို ပိုးကောင်ဝင်သွားတယ်လို့ ခံစားရပြီး မျက်ရစ်များဖောင်းလာကာ အလွန် နာကျင်ခံစားရသဖြင့် သူမ၏မိသားစုအား မျက်လုံးထဲကို လေဖြင့်မှုတ်ခိုင်းခဲ့ပါတယ်။ သို့သော် ဘယ်လိုလုပ်လုပ် မသက် သာပဲ နာကျင်နေသဖြင့် ဆေးရုံသို့သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Fooyin University ဆေးရုံကြီးမှ မျက်လုံးဆိုင်ရာဆရာဝန်ချုပ် Hung Chi-ting က သူမ၏မျက်လုံးကို စစ်ဆေးပေး ခဲ့ပြီး ချက်ချင်း ခွဲစိတ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်လို့သိရပါတယ်။ Dr.Hung Chi-ting က ဆေးရုံကို အမြန်ဆုံး လာခဲ့တာ ကျေးဇူးတင်ကြောင်း၊ အကယ်၍ နောက်ကျမှ လာခဲ့မယ်ဆိုရင် သူမ၏အမြင်အာရုံကို ကာကွယ်နိုင်မှာ မ ဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ၎င်းပျားရဲ့ အရွယ်အစားဟာ ၃မီလီမီတာကနေ ၄မီလီမီတာ လက်မအားဖြင့် ဝ.၁၂ လက်မမှ ဝ.၁၆ လက်မအထိရှိကြောင်း သိရပါတယ်။ ဆန်းသစ်မြန်မာ ပရိတ်သတ်ကြီးလည်း မျက်လုံးထဲ ပိုးကောင်ဝင် တဲ့အခါမှာ မပေါ့ဆပဲ မသက်သာပါက ဆရာဝန် အချိန်မီနဲ့ ပြသဖို့အကြံပေးပါရစေဗျာ။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *