ထိုင်ဝမ်ရှိ အစိုးရပိုင် ရေနံစက်ရုံပေါက်ကွဲမှုဖြစ်ပွား

ဇန်နဝါရီလ ၂၉ရက်နေ့ မနက်ပိုင်းတွင် ထိုင်ဝမ်မြောက်ပိုင်းရှိ ထောင်းယွမ်မြို့မှာ အစိုးရပိုင်ရေနံစက်ရုံတစ်ခု၏ အပူပြန်ပေးရေး ပိုက်လိုင်းတစ်ခုမှ ပေါက်ကွဲခဲ့ရာမှ မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီမီးလောင်မှုကြောင့် ဆိုးရွာတဲ့ လေထုညစ်ညမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် အစိုးရပိုင် ရေနံကုမ္ပဏီကို ထိုင်ဝမ် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်တွေက ဒေါ်လာ ၃သောင်း ၄ထောင်၊ ထိုင်ဝမ်ဒေါ်လာ ၁သန်း ဒဏ်ရိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

တစ်လကြာ ပြန်လည်ပြင်ဆင်ခဲ့တဲ့ အမှတ် ၂ ဒီဇယ်သန့်စင်ရုံ ပြန်လည် လည်ပတ်ခဲ့ရာတွင် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အစိုးရပိုင် ရေနံကုမ္ပဏီ (CPC) က ပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *