ထိုင်းတွင် ရေတံခွန်ထဲသို့ ပြုတ်ကျပြီး ဆင် ၆ ကောင် သေဆုံး

ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်ရှိ ငရဲရေတံခွန်လို့နာမည်ကြီးနေတဲ့ Haew Narok ရေတံခွန်ထဲသို့ အောက်တိုဘာလ ၅ ရက် စနေနေ့က ဆင် ၆ ကောင် ပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။ အမျိုးသားဥယျာဉ်၏ တောရိုင်း တိရိစ္ဆာန်များနှင့် အပင်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ပြောပြချက်အရ ဆင်များဟာ စနေနေ့ ဒေသစံတော်ချိန် 03:00 တွင် အစာရှာထွက်ရာမှ ရေ တံခွန်ထဲသို့ ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူတို့ အစာရှာထွက်ပြီး ၃ နာရီလောက်အကြာမှာ Haew Narok ရေတံခွန်၏ အောက်ခြေပိုင်းတွင် ၃ နှစ်သားအရွယ် ဆင်တစ် ကောင်သေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီး သူ့အနီးအနားမှာပဲ နောက်ထပ် သေဆုံးနေတဲ့ ဆင် ၅ ကောင်ကို တွေ့ရှိခဲ့ရပါတယ်။ ရေစီး အရမ်းသန်နေတဲ့အတွက်ကြောင့် သေဆုံးနေတဲ့ ဆင်များကိုရေထဲက ဆယ်ထုတ်နိုင်ခြင်းမရှိသေးပဲ ရေများညစ်ညမ်းကာ အနံ့များ လည်း ထွက်နေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များ၏ပြောပြချက်အရ နောက်ထပ်ဆင် ၂ ကောင်ဟာ ကျောက်တုံးများကြားတွင် အသက်ရှင်လျက်ပိတ်မိ နေ ကြောင်းသိရပါတယ်။ ကျွမ်းကျင်သူများက ထိုဆင်၂ ကောင်ဟာ အစာပြတ်လပ်နေတာကြောင့် အမြန်ဆုံးမကယ်တင်နိုင်လျှင် သေ ဆုံးနိုင်ချေရှိတယ်လို့ ပြောခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များကတော့ သေဆုံးနေတဲ့ ဆင်များကို backhoe များဖြင့် ဆယ်ထုတ်ရန် ကြိုးစားသွားမှာဖြစ်ပါတယ်။ Haew Narok ရေတံခွန်တွင် အခုလိုဆင်ပြုတ်ကျသေဆုံးခြင်းဟာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်တုန်းကလည်းအခုလိုပဲ ဆင်များပြုတ်ကျခြင်းကြောင့် ဆင် ၈ ကောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *