ထိုင်းနိုင်ငံမှာ လာမယ့် January လလယ်ကစပြီး Smart Driver လိုင်စင် စပါပြီ

ထိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးဋ္ဌာန Department of Land Transport (DLT) က ယာဉ်မောင်းလိုင်စင်တွေကို အီလက်ထရွန်နစ် ဗာရှင်းအဖြစ်ဖန်တီးလိုက်တာကြောင့် လာမယ့် ဇန္တွဝါရီလလယ်ကစပြီး ထိုင်းနိုင်ငံက ယာဉ်မောင်းသူ တွေ ယာဉ်မောင်းလိုင်စဉ်ကို ကိုယ်နဲ့အတူ ဆောင်ယူစရာမလိုတော့ဘူးလို့ သိရပါတယ်။

ယာဉ်မောင်းသူတွေဟာ DLT ရဲ့QR လိုင်စင် အပလီကေးရှင်း App မှာ အခမဲ့ install လုပ်ပြီးမှတ်ပုံတင်ကြ ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးရင်တော့ ယာဉ်မောင်းရဲ့ အချက်အလက်တွေဟာ DLT ရဲ့ အချက်အလက်စုဆောင်း ရာဋ္ဌာန ကို ဆက်သွယ်ရောက်ရှိသွားမှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ရဲ့ ကျောဘက်နဲ့ ရှေ့ဘက်နှစ်ခုစလုံးပါ အချက်အလက် တွေအားလုံးကို ယာဉ်မောင်းရဲ့ စမတ်းဖုန်းတွေပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
အဲဒီစမတ် အပလီကေးရှင်းဟာ ယာဉ်မောင်းလိုင်စင်သက်တမ်းအပါအဝင်၊ယာဉ်ဖြတ်သန်းသွားလာတဲ့ လက်မှတ်တွေ၊ ယာဉ်မတော်တဆဖြစ်ခဲ့ရင် ရောက်ရှိနေတဲ့ နေရာတွေနဲ့ အရေးပေါ်အခြေအနေဖြစ်လာရင် ကူညီပေးနိုင်ဖို့ ယာဉ်မောင်းရဲ့ သွေးအမျိုးအစားအပါအဝင် ဓါတ်မတည့်တဲ့ အရာတွေ၊ကျန်းမာရေးဆိုင်ရာခံစားခွင့်တွေကိုပါဖေါ်ပြ ပေးမှာဖြစ်ပါတယ်။
DLT ညွှန်ချုပ်ဖြစ်သူ Peerapol Tavornsuppachaoren ကတော့ ဒီအပလီကေးရှင်းဟာ ဒစ်ဂျစ်တယ် ဘဝအတွက် အဖြေတစ်ခုဖြစ်ပြီး အီလက်ထရွန်နစ်နည်းနဲ့ ငွေလွှဲပြောင်းပေးတဲ့ ATM နဲ့ အတော့်ကို ဆင်တူပါတယ်လို့ ပြောခဲ့ကြောင်း သတင်းရရှိပါတယ်။

Ref: Bangkok Post

Leave a comment

Your email address will not be published. Required fields are marked *