ထိုင်းနိုင်ငံမှာ သံဃာအတုအယောင်တွေကို ထိုင်းရဲတွေက ရှင်းလင်းရေးလုပ်မည်

ထိုင်းနိုင်ငံ ရဲဌာန ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ)သည် ထိုင်းတစ်နိုင်ငံလုံးရှိ သင်္ဃန်းကိုဝတ်ဆင်ထားပြီး နိုင်ငံရေး ၊လိင်မှုကိစ္စ ၊လိမ်လည်မှု နှင့် ရာဇဝတ်မှုတွေကို ပြုလုပ်နေတဲ့ သံဃာအတုတွေကို ရှင်းလင်းသွားမည်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိတွင် စောင့်ကြည့်နေတဲ့ သံဃာ ၉၅ပါးရှိပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သံသယရှိသူ ၃၅ပါး ၊သဘာဝလွန်စွမ်းအားနဲ့ လိမ်လည်မှုဖြင့် ၂၄ပါး ၊နိုင်ငံရေးလှုပ်ရှားမှု သံသယရှိသူ ၁၁ပါး နှင့်ကျန် ၂၅ပါးက သံဃာအဝတ်ခြုံပြီး လိမ်လည်လှည့်ဖျားမှု သံသယ စတာတွေနဲ့ စောင့်ကြည့်ခံနေရပြီး သတင်းပတ် ၂ပတ်ကြာထိ စောင့်ကြည့်သွားမယ်လို့ စီအိုင်ဘီသတင်း အရင်းမြစ်တခုက ဆိုပါတယ်။

“ဒါဟာ စီအိုင်ဘီက ပထမဆုံး စုံစမ်းစောင့်ကြည့်နေဆဲ အုပ်စုဖြစ်ပြီး နောက်ထပ်စောင့်ကြည့်နေပါတယ်။ သူတို့တွေသည် သံဃာ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ခြင်း၊ ဥပဒေကိုချိုးဖောက်ခြင်း စတာတွေကိုလုပ်လာရင်တော့ လူဝတ်လဲခိုင်းတာ၊ ဥပဒေအရ အရေးယူ အပြစ်ဒဏ်ပေးတာတွေ ဆက်လုပ်သွားမယ်”လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သီတိရဂျ်နွန်ဂမ်ပီတက်ခ်က ဆိုပါတယ်။

ထိုင်းနိုင်ငံ သံဃာကောင်စီက သာသနာအတွင်းဝင်ရောက်လိုတဲ့ အမျိုးသားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ညွှန်ကြားချက်ထုတ်ခဲ့လို့အပြီးမှာ အချိန်ကိုက်ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Leave a comment

Your email address will not be published.