ထိုင်းနိုင်ငံမှ အလွန်လှပသော Maya Bay ကမ်းခြေကို ၂၀၂၁ ခုနှစ်အထိ ပိတ်ထားမည်

ထိုင်းနိုင်ငံ Phi Phi Leh ကျွန်းရှိ Maya Bay ကမ်းခြေဟာ အလွန်လှပတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့အတွက် နိုင်ငံ ခြား ခရီးသွားတွေလည်း အလွန်ကြိုက်နှစ်သက်ကြပါတယ်။ အဲလိုလူကြိုက်များတဲ့ ကမ်းခြေကို သွားရောက် လည်ပတ်သူ ဧည့်သည်အလွန်များပြားတဲ့အတွက် ရေထဲရှိ သဘာဝကျောက်ဆောင်များ ပျက်စီးလာပြီး သဘာဝအလှတရားတွေ ပျက်စီးလာတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကခရီးသွားလာခွင့် ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဘယ်အချိန်အထိ ပိတ်သွားမယ် ဆို တာကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယခုအခါမှာတော့ Maya Bay ကို ၂၀၂၁ ခုနှစ်အထိ ပိတ်ထားမှာဖြစ်ကြောင်းကို တရားဝင်ထုတ်ပြန် လိုက်ပြီး ဖြစ်ပါ တယ်။ Maya Bay ကို မပိတ်မီအချိန်မှာ တစ်ရက်ကို ခရီးသည်ပေါင်း ၅၀၀၀ ကျော် လာရောက်လည်ပတ် ခဲ့တယ် လို့ သိရပါတယ်။ အဲဒီလို ခရီးသွားထူထပ်မှုကြောင့် ကျောက်ဆောင်တွေ ပျက်စီးပြီး သဘာဝအလှတရားတွေ ပျက်စီး ခဲ့ရပါတယ်။ ထိုသို့ပျက်စီးသွားတဲ့ အရာတွေကို သဘာဝနည်းအတိုင်းပြန်လည်လှပလာစေဖို့အတွက် Phi Phi Leh ကျွန်းပေါ်သို့ သွားရောက်ခွင့်ကို ပိတ်ခဲ့တဲ့အပြင် ကျွန်းအနားကို လှေတွေသွားရောက်ခွင့်လည်း ပိတ်ထားတယ်လို့ သိရပါ တယ်။

ယခုလို သဘာ၀ကပေးတဲ့ အလှတရားတွေကို ထိန်းသိမ်းဖို့အတွက် လူသားတွေ အားလုံးမှာတာဝန်ရှိပါတယ်။ ယခု လက်ရှိမှာ သွားရောက်လည်ပတ်ခွင့်ရနေတဲ့ ကမ်းခြေတွေ၊ ရေတံခွန်တွေ အစရှိတဲ့ သဘာ၀ကပေးထားတဲ့ အလှ တရားတွေကို တန်ဖိုးထားပြီး မပျက်စီးဖို့ရန်အတွက် လူသားတွေ အားလုံးက စည်းကမ်းရှိစွာ စနစ်တကျအသုံးပြုဖို့ လို အပ်နေပြီဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *