ထိုင်းနိုင်ငံရှိ ဖီးဖီးကျွန်းတွင် speed boat ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်

ဇန်နဝါရီလ ၁၄ရက်နေ့ မနက်တွင် ထိုင်းနိုင်ငံ ဖီးဖီးကျွန်း၌ ကင်းပိုစီဒန်း ၉၅၉ အမည်ရှိ speed boat ဟာ ဖူးကက်ခရိုင်ရှိ ရာစာဒါဘောတံတားကနေ တရုတ်ခရီးသွားဧည့်သည် ၂၆ဦးအပါအဝင် ကပ္ပတိန် ၁ဦး နှင့် လှေဝန်ထမ်း ၄ဦးတို့ကို တင်ဆောင်လာပြီး ဖီးဖီးကျွန်းကို သွားရာလမ်းမှာ လှေပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ထိုပေါက်ကွဲမှုကြောင့် ၁၆ဦး ဒဏ်ရာရရှိသွားသဖြင့် ဖူးကက်နဲ့ ကရက်ဘီရှိ ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ဒဏ်ရာရသူတွေထဲတွင် ကပ္ပတိန်အပါအဝင် ၅ဦးဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုရဲ့ ဖြစ်စဉ်ကတော့ ဗီကင်းဂူကို speed boat ဖြတ်တဲ့အချိန်မှာ ဆီယိုနေတာကို ကပ္ပတိန်ကသတိထားမိသဖြင့် ဝန်ထမ်းတစ်ဦးကို စတီယာတိုင်ကိုင်ထားစေပြီး boat ရဲ့ စက်တွေကို သွားစစ်ခဲ့ပါတယ်။ ကပ္ပတိန်မှ အင်ဂျင်သုံးလုံးထဲမှ တစ်လုံးရဲ့ အဖုံးကိုဖွင့်လိုက်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်သဖြင့် speed boat ကို မီးဝိုင်းငြှိမ်းလိုက်ရတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ အချိန်ဟာ နေ့လည်လောက်ဖြစ်ပြီး ပျက်စီးသွားတဲ့လှေကို ပြန်ပြင်ရန်နှင့် အဘယ်အတွက်ကြောင့် ယခုလို ပေါက်ကွဲမှုဖြစ်ရတာလဲဆိုတာကို စစ်ဆေးရန် အာဏာပိုင်တွေအနေဖြင့် အချိန်တစ်ပတ်လောက် ယူရလိမ့်မယ်လို့ ဒေသခံ သဘာဝဘေးအန္တာရယ် ကယ်ဆယ်ရေးမှ အာဏာပိုင်တစ်ဦးကပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *