ထိုင်းနိုင်ငံ နွန်းချစ်ခရိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ နွန်းချစ်ခရိုင်တွင် ယနေ့ ဇန်နဝါရီလ ၁၀ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉နာရီ မိနစ်၂၀လောက်တွင် လမ်းမအနီးထောင်ထားတဲ့ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ထိုင်းကင်းလှည့် အဖွဲ့ဟာ နံနက် ၉နာရီ ၂၀တွင် ပစ်ကတ်ကားလေးဖြင့် ကင်းလှည့်နေစဉ် ယခုလို ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ နွန်းချစ်ခရိုင်ရဲဌာန ဒု-စုံစမ်းစစ်ဆေးရေးမှူး အက်ခ်ရက်တ် ဂျီရာချာရိုအန် ရဲ့ ပြောပြမှုအရသိရပါတယ်။

အခုလက်ရှိမှာတော့ အဆိုပါ ဗုံးပေါက်ထားတဲ့ နေရာပတ်ဝန်းကျင်ကို ဗုံးရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး CCTV လုံခြုံရေး ကင်မရာမှလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *