ထိုင်းအစိုးရက မရှိဆင်းရဲတဲ့ပြည်သူတွေအတွက် အခမဲ့အင်တာနက် အသုံးပြုနိုင်ရန်စီစဉ်

ဒီကနေ့တွင် ထိုင်းအစိုးရဘဏ္ဍာရေးဝန်ကြီးရဲ့အဆိုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဆင်းရဲနွမ်းပါးသူတွေကို အင်တာနက် အခမဲ့အသုံးပြုနိုင်တဲ့ ဆင်းမ်ကဒ်တွ ပေးဝေနိုင်ရန်စီစဉ်နေတယ်လို့သိရပါတယ်။

အင်တာနက် အခမဲ့ပါတဲ့ ဆင်းမ်ကဒ်များကို TOT အက်တာနက်ကုမ္ပဏီကနေ ထောက်ပံ့ကူညီပြီး ကုန်ကျစရိတ်များကိုတော့ ထိုင်းအစိုးရက ကျခံသွားမယ်လို့သိရပါသည်။အစိုးရ၏ လူမှုဖူလုံရေးထောက်ပံ့ငွေ ရယူနေရတဲ့ ပြည်သူတွေအတွက်ဖြစ်ပြီး ဆင်းမ်ကဒ်တွေဟာ အင်တာနက်ပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတော့ရရှိမှာမဟုတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး အဖီဆက်ခ် တန်ထီဗိုရာဝေါင်က ပြောပါတယ်။

ဆင်းမ်ကဒ်အရေအတွက် ဘယ်လောက်ထောက်ပံ့ပေးမလဲတော့မသိရသေးပါ ၊ ဆင်းမ်ကဒ်တစ်ကတ်ချင်းစီမှာတော့ ပုံသေသတ်မှတ်ထားတဲ့ မီဂါဘိုက်ပမာဏ ပါဝင်မှာဖြစ်ပြီး ဘယ်လောက်ထိပါဝင်မလဲတော့မသိရသေးပါ။

ဝန်ကြီးဌာနနဲ့ TOT ကုမ္ပဏီတို့ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်အလတ်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါ။ထိုင်းအစိုးရရဲ့ လူမှုဖူလုံရေးနဲ့ သက်သာချောင်ချိရေးဆိုင်ရာ ထောက်ပံ့မှုပေးရေးဆိုင်ရာ စီမံချက် ဒုတိယအဆင့်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး နောက်လအကုန်မှာ တရားဝင် ထုတ်ပြန်ကြေငြာသွားမယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်မှာ ထိုင်းအစိုးရက ဝင်ငွေနိမ့် ပြည်သူတွေအတွက် ထောက်ပံ့ရန်ပုံငွေ ဘတ်ငွေ ၄၁ ဒသမ ၉၄ ဘီလီယံကို ခွင့်ပြုပေးခဲ့ပါတယ်။

Leave a comment

Your email address will not be published.