ထောက်ပံ့ကြေးဖြတ်တောက်လိုက်တဲ့ ဖခင်ကိုသတ်ခဲ့တဲ့သား တစ်ကျွန်ဒဏ်နှင့်ရင်ဆိုင်ရတော့မည်

၂၀၁၉ခုနှစ် ဇွန်လ ၂၈ရက် သောကြာနေ့မှာ Manhattan ပြစ်မှုဆိုင်ရာဥပဒေတရားရုံးကအသက် (၃၄)နှစ် အရွယ် ရှိ Thomas Gilbert Jr.ကို ပြစ်မှုထင်ရှားတဲ့အတွက် တစ်သက်တစ်ကျွန်းဒဏ်ကျခံဖို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ တရားခံဟာ၂၀၁၅ခု၊ဇန်နဝါရီလ (၉)ရက်နေ့မှာ ဖခင်အားသတ်မှုဖြင့် စတင်အမှုရင်ဆိုင်ခဲ့ရပြီး ထိုစဉ်က အသက် ၃၀ ပဲ ရှိပါသေးတယ်။

ThomasGilbertJr.ဟာ ဂေါက်သီးရိုက်ခြင်း၊ရေလွှာလျောစီးခြင်းနှင့်ခရီးသွားခြင်းတို့ကို ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်ပြီးအဲဒီကိစ္စရပ်တွေအတွက် ငွေကုန်ကြေးကျများသူတစ်ဦးဖြစ်ပါတယ်။ သူမှာ ကိုယ်ပိုင်ဝင်ငွေ မရှိပါဘူး။ ဖခင် ဖြစ်သူ Thomas Gilbert Sr. က တစ်ပတ်ကို ဒေါ်လာတစ်ထောင် ထောင့်ပံ့ငွေကြေးဖြင့် နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ဖခင်ဟာ ၂၀၁၄ ခုနှစ်လောက်ကစပြီး ထောက်ပံ့ကြေးကို လျော့လိုက်တာဖြစ်ပြီး ၂၀၁၅ခုနှစ်လောက်မှာ ထောက်ပံ့ ကြေးမပေးတော့ဘူးလို့ သိရှိရပါတယ်။ဒါ့ကြောင့် Thomas Gilbert Jr. ဟာ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၄ရက် နေ့တွင် အသက်(၇၀)အရွယ်ရှိပြီဖြစ်တဲ့ ဖခင်ကို သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

ရှေ့နေချုပ်၏ ပြောပြချက်အရ Thomas Gilbert Jr. ဟာ သူ့ဖခင်ကို မသတ်မီ Hire-a-Killer.com နှင့် Find-a-Hitman.com တို့ကို ဝင်ကြည့်ခဲ့ပြီး Glock သေနတ်ကို ဝယ်ယူခဲ့တယ်လို့သိရှိရပါတယ်။ ပြီးနောက် သူ့ဖခင်နေအိမ်သို့ သွားကာ ဖခင်၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်ပြီး မိမိကိုယ်ကို သတ်သေသည့်ပုံစံဖြစ်စေရန် သေနတ်ကို ဖခင်ရဲ့လက်ထဲမှာ ထည့်ပြီးအိမ်မှပြန်ထွက်လာခဲ့တယ်လို့သိရှိရပါတယ်။

အခင်းဖြစ်ပွားစဉ်တွင်ThomasGilbertJr.ရဲ့မိခင်ဟာ နေအိမ်တွင်ရှိနေတဲ့အတွက် ရဲများကိုအကြောင်းကြားကာ ဖမ်းစေ ခဲ့တာဖြစ်ပါတယ်။ သို့သော် အမှုဖြစ်အကြောင်းခြင်းရာက ရှုပ်ထွေးနေတဲ့အတွက် တရားရေးမှာ ကြန့်ကြာနေတာဖြစ်ပြီး ယခုမှပြစ်မှုထင်ရှားတဲပအတွက်တစ်ကျွန်းဒဏ်ချမျတ်နိုင်မှာဖြစ်ကြောင်းတရားရုံးကပြောကြားခဲ့ပါတယ်။ Thomasက တစ်ကျွန်းကျခဲ့ရင်တောင် အလုပ်ကြမ်း မလုပ်ရဘဲထောင်ထဲတွင် အေးအေးဆေး ဆေးနေခွင့်ကို ထပ်မံတောင်းဆိုခဲ့တယ် လို့ သိရှိရပါတယ်။အမှုကို ဩဂုတ်လ (၉)ရက်နေ့မှာ အပြီး သတ်အမိန့်ချမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိ ရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *