ဒစ်ဂျစ်တယ် ငွေကြေးနည်းပညာသစ်အတွက် ဥပဒေရေးဆွဲဖို့ စဉ်းစားကြပြီလား

ဒစ်ဂျစ်တယ် ငွေကြေးနည်းပညာသစ်နဲ့ပတ်သက်ပြီးခရစ်တိုကာရင်စီအကြောင်း သတင်းစာတွေမှာ နိုင်ငံသိစာရေး ဆရာ တစ်ချို့ ဆောင်းပါးတွေရေး ခဲ့ဖူးကြတဲ့အတွက် ကြား ဖူးကြမယ်လို့ တော့ထင်ပါ တယ်။ ရေးခဲ့ကြတဲ့ဆရာကြီး တွေကလည်း ခရစ်တိုကာရင်စီရဲ့အကျိုးထက်အပြစ်တွေကိုသာ ဇောင်းပေးရေးသားခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။ ခရစ်တိုကာရင်စီ (Cryptocurrency)ကိုမကြားဖူးဘူးလို့ဆိုရင်တော့ အများစုကြားဖူးမယ့် Bitcoin ဆိုတဲ့ ဝေါဟာရလေးကိုပဲ အစဖေါ် ပေးပါရစေ။ ဒါကိုလည်း မကြားဖူးပါဘူးဆိုရင်တော့ သင်ဟာ ၂၁ ရာစုကမ္ဘာကြီးနဲ့ အတော့်ကို အလှမ်းဝေးနေပြီဆိုတာ သေချာပါပြီ။ ဒါမှမဟုတ် ကြားဖူးပါတယ်။ဒါကြီးက တရားမဝင်ပါဘူး No လို့ ပြောလိုက်ပြီဆိုရင်တော့လည်း သင်က မြန် မာနိုင်ငံသား ပီသတဲ့လူတစ်ယောက်လို့ဆိုရမှာဖြစ်ပါတယ်။ မြန် မာနိုင်ငံသားမှန်ရင် အများစုက အမြဲတမ်းအနှစ် ၂၀လောက် နောက်ကောက်ကျနေတတ်တယ်လို့ဆိုရင် စိတ်မဆိုး စေချင်ပါဘူး။

ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ရတဲ့ ဒီနိုင်ငံရဲ့ပညာရေးနဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေကြောင့် အသစ်အဆန်းတွေကို စူးစမ်း လေ့လာပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးပြု အောင်ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာထက် မိမိတို့ မသိနိုင် သေး တဲ့အသစ်အဆန်းတွေကို အလွယ်တကူပဲNo၊ တရား မဝင်ပါဘူးလို့ ပြောပြီးခေါင်းခါတတ်ကြပါတယ်။ တရားမဝင်ဘူး လို့ပြာတာတွေဟာလည်း ဒီနိုင်ငံ အတွက်တော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဥပဒေပြဌာန်းချက်မရှိရင် ဒါဟာ တရားမဝင်ပါဘူး။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြိုးစားနေကြတဲ့ နိုင်ငံတွေမှာ နိုင်ငံသူနိုင်ငံသားတွေအတွက် မလွဲမသွေကြုံလာကြရမယ့် နည်းပညာအသစ်အဆန်းတွေကို ကြိုတင်လေ့လာပြီး နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အကျိုးရှိ အောင် ဥပဒေနည်းဥပဒေတွေကို အချိန်မလွန်ခင် အမြန်ဆုံးပြဌာန်းပေးတတ်ကြပါတယ်။ စာရေးသူရဲ့အထင်မှားချင်လည်း မှားနိုင်ပါတယ်။ခုအချိန်ထိတော့ မြန်မာနိုင်ငံအနေနဲ့ ခရစ်တိုကာရင်စီနဲ့ပတ်သက်တဲ့ ဥပဒေတွေရေးဆွဲဖို့နေနေသာသာ လွှတ်တော်ထဲမှာတောင်တစ်ခါမှ မကြားဖူးတဲ့ ကိုယ်စားလှယ်တော်ကြီးတွေ ရှိကောင်းရှိနိုင်ပါတယ်။အမှားပါရင် စေတနာအမှားလို့မှတ်ယူပြီးခွင့်လွှတ်ပါ။

ဥပဒေမရှိလို့ တရားမဝင်ဘူးပဲဘူးခံနေမယ်ဆိုရင် ထိုင်းဗဟိုဘဏ်လည်းပရော့ဂျက်စနေပါပြီ။ဂျပန်ကကမ္ဘာ့ စတုတ္ထ အကြီးဆုံးဘဏ်MUFGကလည်းကိုယ်ပိုင်ခရစ်တို Exchange ဒီနှစ်ထဲမှာ စဖို့ပြင်နေပြီ။ နိုင်ငံတစ်ချို့မှာ အရောင်း အ ဝယ်လုပ်လို့ရတဲ့ Exchange တွေရှိနေပြီး အစိုးရတွေလည်း တရားဝင်အခွန်အခတွေ ရနေပါပြီ။ နိုင်ငံတစ်ချို့မှာ ခရစ် တိုကာရင်စီအတွက် ATM စက်တွေအသုံး ပြုနေကြပြီ။ မြန်မာနိုင်ငံ သားအများစုရဲ့ အွန်လိုင်း စစ်မြေပြင်လို့တင်စား ရမယ့် Facebookကလည်းမကြာခင်ရက်ကပဲ ခရစ်တိုကာရင်စီ Libra Coin ကိုစထုတ်တော့မယ်လို့ ကြေငြာလိုက်ပါပြီ။

ကဲဘယ်လိုလုပ်ကြမလဲ။ခရစ်တိုကာရင်စီဆိုတာကွန်ပျူတာနည်းပညာနဲ့ဖန်တီးထားတဲ့ငွေကြေးတစ်ခုပါ။ကွန်ပျူတာတောင် ကောင်းကောင်းမကိုင်ဖူးတာ ခရစ်တိုကာရင်စီကို ဘယ်လိုသိနိုင်မလဲ။ သင်သိသိ၊မသိသိ ခရစ်တိုကာရင်စီကို အကြောင်း ပြုပြီး ငွေရေးကြေးရေးကြးနည်းပညာ တွေကနောက်ကလိုက်လာပါပြီ။ မြန်မာအစိုးရက ဒါနဲ့ပတ်သက်ပြီး ဘာမှ အဆင်သင့် မဖြစ်သေးရင်လည်း ဒါကိုတော့ ရှောင်လွှဲလို့မရဘူး ဆိုတာအသေအချာပါပဲ။

ခုထိဘဏ်တွေမှာလူတွေရှုပ်ရှက်ခတ်ပြီး ငွေပုံကြီးတွေနဲ့ စာရွက်ပုံကြီးတွေနဲ့ ဟန်ပြလို့ကောင်းနေကြတုန်း။ နိုင်ငံ့ဝန် ထမ်းအများစုကလည်း ကွန်ပျူ တာအင်တာနက်ကို မသုံးနိုင်ကြသေးဘူး။ သူတို့မသိတဲ့၊မကြားဖူးတဲ့အရာဟူသမျှကို Reject ထုနေကြတုန်းပါပဲ။ တောကြိုတောင်ကြားက တဖေါင်းဖေါင်းထွက်နေတဲ့ မရဏကျည်တွေကို ကလေးတွေ အ တွက်ကွန်ပျူတာဝယ်ဖို့ခုထိမကြိုးစားနိုင်ကြသေးဘူး။

ကမ္ဘာကြီးကမြန်နှုန်းမြင့်ပြောင်းလဲနေတဲ့အချိန်မှာ နိုင်ငံရေးသမား ဆိုသူတွေကလည်း တိုင်းပြည်တိုး တက်ရေးထက် အာဏာရရေးကို ရတဲ့နည်းတွေသုံးပြီး အလုအယက်ကြိုးစား နေကြတုန်း။အဂတိ လိုက်စားမှုတွေကလည်း ခုထိအား ကောင်းနေတုန်း။ အာဏာရသူတွေအဂတိလိုက်စားနိုင်အာင် အားပေးရာရောက်တဲ့ နောက်ကြောင်းပြန်အရေးမယူနိုင်တဲ့ ဥပဒေဆိုတာလည်းရှိနေတုန်း။ ကဲ၊ဘယ်တော့ကမ္ဘာကြီးနဲ့အမီလိုက်နိုင်တဲ့ ပညာရေးကိုစတင်နိုင်မှာလဲ။

ခရစ်တိုကာရင်စီဟာ ငွေကြေးနည်းပညာရဲ့ ပင်မဖြစ်တဲ့အတွက် မကြာတော့တဲ့ကာလမှာ ငွေကြေးအပေးအယူ အလွှဲ အပြောင်းတွေကို လုပ်ဆောင်လာကြတော့မှာဖြစ်ပါတယ်။ တရားဥပဒေနဲ့ အချိန်မီတည့် မတ်ထိမ်းသိမ်းမပေး နိုင်ဘူး ဆိုရင်မကြာခင်မှာ နိုင်ငံကလည်းဘာအခွန်အခမှမရတဲ့အပြင် ငွေကြေးခဝါချမှုတွေ၊မသမာမှုတွေနဲ့ ကြုံလာကြရမှာ မလွဲပါဘူး။ဒီတော့ အသစ်အဆန်းတွေကို လေ့လာစူးစမ်းဖို့လိုလာသလို နိုင်ငံနဲ့လူမျိုးအတွက် နည်းပညာသစ်တွေကို ဘယ်လိုအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုလည်း လူကြီးမင်းတွေစဉ်းစားဖို့လိုလာပါပြီ။ အခုတစ်ကမ္ဘာလုံး ခရစ်တို ကာရင်စီကို အာရုံစိုက်လာကြပါပြီ။ လူကြီးမင်းတို့ကကော ခရစ်တိုကာရင်စီကို ဘယ်လိုသဘောရပါသလဲ။YESလားဒါမှ မဟုတ်NOလား။ အမြန်ဆုံးခေါင်းညိတ်ပြီး ကမ္ဘာကြီးနဲ့အတူလိုက်ပါပြောင်းလဲနိုင်ဖို့ ကြိုးစားနိုင်ကြရင်တော့ အကောင်း ဆုံးပါပဲလို့ တင်ပြပါရစေ။

Leave a comment

Your email address will not be published. Required fields are marked *