ဒိန်ချဉ်မှာပါဝင်တဲ့ လျှို့ဝှက်ချက်များ

မီးဖိုချောင်ထဲမှာ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ မြင်တွေ့နေရတဲ့ ဒိန်ချဉ်လေးတွေက စားစရာတစ်ခုအဖြစ်ပဲ အသုံးဝင်တာမဟုတ်ဘဲ တစ်ခြားနေရာတွေမှာပါ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေပေးလဲဆိုတာ ဖတ်ကြည့်ကြရအောင်။

မျက်နှာအသားအရေအတွက် အသုံးပြုနိုင်ခြင်း

ဒိန်ချဉ်ကို မျက်နှာပေါင်းတင်ရာမှာ အသုံးပြုရင် မျက်နှာပေါ်က အမည်းစက်တွေနဲ့ အရေးအကြောင်းတွေကို လျော့နည်းပေးပါတယ်။

ကြေးတည်တွေကို တောက်ပစေခြင်း

သင့်အိမ်မှာ ချေးအထပ်ထပ်တက်နေတဲ့ ကြေးထည်ပစ္စည်းတွေရှိရင် ဒိန်ချဉ်သုတ်လိမ်းပြီး အနည်းငယ်ကြာအောင်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ဝင်းလက်တောက်ပသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ဒိန်ချဉ်မှာပါဝင်တဲ့ ဘက်တီးရီးယားတစ်ချို့ကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာအိမ်ရောဂါရှိသူများအနေဖြင့် အိပ်ရာဝင်ခါနီးအချိန်တွင် ဒိန်ချဉ်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် အစာအိမ်ရောဂါ ပျောက်ကင်းစေရန် အထောက်အကူပြုစေမှာပါ။

သွေးတိုးရောဂါဖြစ်ပွားခြင်းကို လျော့ကျစေခြင်း

အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွေကို သောက်သုံးပေးမယ်ဆိုရင် သွေးတိုးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *