ဒီကလေး စာရေးဆရာက မိန်းကလေးတွေ ရဲ့ ရင်သားက ဘယ်အရာတွေအတွက် ဆိုတာကို သိပုံ မပေါ်ပါဘူး။

ကျွန်မ က အသက် ၃၄ ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကျွန်မဘ၀ တစ်လျှောက်လုံးမှာ ဒီရင်သားက ဘာအတွက် ရှိနေတယ် ဆိုတာကို မသိပါဘူး။ ဒါပေမယ့် ဒီဟာကြီး ကြီးထွားလာဖို့အတွက်က ယောင်္ကျားလေးတွေ အတွက် ဖြစ်တယ်ဆိုတာကို မဆိုလိုပါဘူး။ MRA က မိန်းကလေးတွေ ဖွံ့ဖြိုးမှု အတွက် အဖြေပေးထားတဲ့ အရွယ်ရောက် သူတို့ အတွက် လမ်းညွှန်ဟာ မကြားသေးခင် က ပျံ့ နှံ့သွားခဲ့ပါတယ်။

“ မိန်းကလေး တွေရင်သားရှိနေရခြင်းဟာ အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပါတယ်။ တစ်ချက်ကတော့ ကလေးငယ်တွေ ကိုနို့ တိုက်ဖို့ ဖြစ်ပြီး နောက်တစ်ချက်ကတော့ ကြီးထွားမှု နဲ့ ဆွဲဆောင်မှု ရှိဖို့ အတွက် တည်ရှိနေရခြင်းဖြစ်ပါတယ်။” လို့ စာအုပ်ထဲမှာ ပါရှိပါတယ်။ “ရင်သားအားလုံးနီးပါး ဟာ အရွယ်အစား ဘယ်လောက်ပဲရှိရှိ ဘယ်လိုပုံသဏ္ဍာန်ပဲ ရှိရှိ အရွယ်ရောက်ပြီး သားမိန်းကလေးတွေ အတွက် အပေါ်က ပြောထားတဲ့ နှစ်ချက်အတွက် ပဲလုပ်ဆောင်ပါတယ်။”

ဒီ စာအုပ်ဟာ ၂၀၁၃ မှာ ထုတ်ဝေခဲ့ပြီး Simon Ragoonanan ဆိုသူက ဒီကလေး ငယ်ရေးထားတဲ့ စာအုပ်မှာ ကျား/မ အရေးနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြန်လည်ပိတ်သိမ်းလိုက်တာကို သူ့ရဲ့ ဖေ့ဖွတ် ပေ့စ်မှာ ကောက်နှုတ်ဖော်ပြထားပါတယ်။ အမေဇုန်မှာ ဒီစာအုပ်နဲ့ပတ်သက်ပြီး လူတွေ ရေးထားတဲ့ သုံးသပ်ချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

“ ဒီစာအုပ်ဟာ မကောင်းတာတွေပဲရေးထားပြီး အသုံးမဝင်ပါဘူးလို့ မိန်းကလေးတွေရဲ့ ရင်သားဟာ ယောင်္ကျားလေး တွေကို ဆွဲဆောင်ဖို့အတွက်လို့ ထင်တဲ့ Alex Firth ကဆိုထားပါတယ်။ ဥပဒေတွေက မသိကျိုးကျွန် မပြုပဲ ဒီလို အရာတွေ ဟာ နောက်မျိုးဆက်တွေမှာ ဝင်ရောက်လာဖို့ မသင့်ပါဘူး။ ဒါဟာ အရွယ်ရောက်မိန်းကလေးတစ်ယောက် ရဲ့ အကြောင်းကို သိမြင်မှုအားနည်းတာကို ပြသနေသလိုဖြစ်ပြီး ဒီစာအုပ်ကို ဘာလို့ ရောင်းအားအကောင်းဆုံး အဖြစ်နဲ့ ထုတ်ဝေနေရတာလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။”

နောက်ထပ်သုံးသပ် သူတစ်ယောက်ကတော့ သူ့ရဲ့စိတ်အားထက်သန်မှု ကို ထိန်းချုပ်မထားနိုင်တော့ပါဘူး။

“ဆွဲဆောင်မှု အရှိဆုံး သော အပိုင်းအစတစ်ခုဖြစ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားတွေဟာ ကြီးထွားခြင်းနဲ့ ဆွဲဆောင်မှု ရှိခြင်းကို ပြတဲ့ အစိတ်အပိုင်းတွေဖြစ်တယ် လို့ ဆိုထားပါတယ်။ ရုန့်ရင်းကြမ်းတမ်းလွန်းပါတယ်။ ဘယ်လို ဦးနှောက်မရှိတဲ့ လူကများ ဒီလိုစာမျိုးကို လက်ခံတာပါလိမ့်။”

မျှမျှတတ ဖြစ်သွားအောင် ဒီစာအုပ်ဟာ ရောင်းအားအကောင်းဆုံးလို့ မဆိုလိုပဲနဲ့ အမေဇုန် စာမျက်နှာမှာ သုံးသပ်ချက်က လည်း ၂၂ ခုပဲရှိပါတယ်။ သုံးသပ်ချက်အများစုကတော့ ဒီစာအုပ်နာမည် ကျော်ပြီးမှ ရေးလာကြတာဖြစ်ပါတယ်။

စာအုပ်ထုတ်ဝေသူကတော့ ဒီစာအုပ် ရဲ့ အကြောင်းအရာတွေကို ပြန်လည် စီစစ်တည်းဖြတ်ပြီး မှ ပြန်လည်ထုတ်ဝေမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *