ဒီနှစ်ထဲမှာ အကောင့်အတုပေါင်း ၂ဘီလီယံကျော်လောက်ကို ပယ်ဖျက်လိုက်တဲ့ Facebook

Facebook တစ်ခွင်မှာ fake account​ တွေနဲ့ ပြည့်နေတဲ့ လူတွေကြောင့် မလိုလားအပ်တဲ့ပြဿနာပေါင်းစုံတွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတင် အကောင့်အတုလုပ်တဲ့ လူအရေအတွက်ပေါင်းက ၂ဘီလီယံကျော်ရှိပါတယ်လို့ Fb မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အခုဆို Facebook က account အတုလုပ်တဲ့လူတွေကို အခြားလူတွေက report မလုပ်ခင်မှာပင် ၉၉ရာခိုင်နှုန်းလောက်ကို ဖယ်ရှားပစ်လိုက်တယ်လို့ ဆိုပါတယ်။ Account အတုဆိုတာက ကိုယ့်ပုံကို profile မတင်ပဲ အခြားမွေးနေ့မွေးရက် အလုပ်အကိုင်တွေကအစ တစ်ခြားဟာထည့်ပြီး လုပ်ထားတဲ့ account တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။

Fake Account တွေကို ဘယ်သူတွေက သုံးကြလဲ။

Fake Account လုပ်တဲ့ရည်ရွယ်ချက်ကတော့ မသမာတဲ့နည်းလမ်းတွေအတွက် လုပ်ဖို့ဖြစ်ပါတယ်။ ဥပမာ ငွေရေးကြေးရေးအလွဲသုံးစားလုပ်ခြင်း၊ သတင်းတု သတင်းမှားတွေလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်မှုများ လုပ်ခြင်းတွေမှာ သုံးကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးကစားတဲ့လူတော်တော်များများက fake account ကိုသုံးပြီး သွေးထိုးလှုံ့ဆော်မှုတွေလုပ်ကြပါတယ်။ မနှစ်က facebook CEO Zuckerberg တရားခွင်မှာ ရင်ဆိုင်လိုက်ရတာလည်း ဒီကိစ္စတွေနဲ့ ပတ်သတ်နေပါတယ်။ အခုဆို facebook က လုံခြုံရေးအပိုင်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေပါတယ်။ တစ်နှစ်ထက် တစ်နှစ် fake account တွေလုပ်လာတဲ့လူဦးရေများလာလေလေ ပြဿနာတွေက ပိုကြီးထွားလာလေလေဖြစ်ပါတယ်။ နည်းပညာနဲ့ ဝေးပြီး စိမ်းနေတဲ့လူတွေအတွက်တော့ အကောင့်အတုလုပ်တဲ့လူတွေက သားကောင်လို့ မြင်ကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *