ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်

ဒူဘိုင်းနိင်ငံက Gevora Hotel ဟာကမ္ဘာပေါ်မှာ အမြင့်ဆုံးဟိုတယ်ဖြစ်ပြီး ၃၆၅မီတာမြင့်ပါတယ်။ ပုံထဲမှာတွေ့တဲ့အတိုင်း ပြတင်းပေါက်အလန်းစား၊တံခါးအလန်းစားနဲ့ ဟိုတယ်ဟာ အခုအခါမှာတော့ကမ္ဘာပေါ်မှာ အမြင့်ဆုံးဟိုတယ်အဖြစ် ရပ်တည်နေပါတယ်။

Gevora Hotel ဟာ ဒူဘိုင်းရဲ့စီးပွားရေးအချက်အချာ နေရာမှာရှိပြီး ၃၅၆မီတာမြင့်ပါတယ်။ လက်ရှိဒူဘိုင်းမှာရှိတဲ့ JW Marriott Marquis ဟိုတယ်ထက်ကိုပိုမြင့်တယ် ဟုလည်းဆိုပါတယ်။ အခန်းပေါင်း(၅၂၈)ခန်းရှိပြီး Deluxe Room၊ One-Bedroom Deluxe and Two-Bedroom Suite ဆိုပြီးအမျိုးအစား သုံးမျိုးရှိပါတယ်။

အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် အပျော်သဘောဖြစ်ဖြစ် လာရောက်တည်းခိုရန် သင့်တော်တဲ့နေရာလည်းဖြစ်ပါတယ်။ ဟိုတယ်မန်နေဂျာ Jairaj Gorsia ကလူတိုင်းအတွက် ဟိုတယ်တံခါးအမြဲဖွင့်ထားပါတယ် ဟုလည်းပြောကြားခဲ့ပါတယ်။ ထို့အပြင်လူတိုင်းကို ဟိုတယ်၏ပြင်ဆင်ပုံ အတွင်းပိုင်းအလှအပများကို ခံစားစေချင်တယ် ဟုလည်းဆိုပါတယ်။ နေဝင်ဆည်းဆာအချိန် ဟိုတယ်ရှိရေကူးကန်မှာ ရေကူးရင်းဒူဘိုင်းနိင်ငံ၏အလှအပများကိုလည်း ခံစားနိင်ပါတယ်။ ဟိုတယ်ဟာ လက်ရှိမှာ ကြယ်လေးလုံးအဆင့်ဖြစ်ပြီး ဒီထက်ပိုကောင်းအောင် အဆင့်မြှင့်သွားမယ်ဟုလည်းပြောကြားခဲ့ပါတယ်

Leave a comment

Your email address will not be published. Required fields are marked *