ဒူဘိုင်း ရဲများ လေပေါ်ပျံနိုင်တဲ့ Hoverbike များကို စတင်အသုံးပြုတော့မည်

ကယ်လီဖိုးနီးယားမှာ အခြေစိုက်ထားတဲ့ Hoversurf ကုမ္ပဏီက Dubai ရဲများနဲ့ပူးပေါင်းပြီး ရဲများအတွက် ၎င်းတို့ ကုမ္ပဏီ၏ နောက်ဆုံးထွက်ရှိမယ့် S3 2019 Hoverbike ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။ဒူဘိုင်း ရဲဌာနမှ general director ဖြစ်တဲ့ Brigadier Khalid Nasser Alrazooqi က 2020 မှာ ဒူဘိုင်းရဲတွေ အားလုံးဟာ Hoverbike တွေနဲ့ ဖြစ်နေရမယ်လို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ ဒူဘိုင်းရဲတွေဟာ Hoverbike ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် လေ့ကျင့်မှုတွေပြုလုပ်နေပြီး Hoverbike ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ရဲတပ်ဖွဲ့ (၂)ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးပြီလို့သိရပါတယ်။ အဆိုပါ eVTOLs ယာဉ်တွေဟာ Battery နဲ့ သွားလာရတာဖြစ်တဲ့အတွက် ကြာရှည်စွာ ပျံသန်းနိုင်ဖို့အတွက်တော့ အနည်းငယ် အခက် အခဲရှိနေသေးပါတယ်။

Hoversurf ကုမ္ပဏီကလည်း လာမယ့်အနာဂါတ်မှာ Hoverbike တွေ ပိုမိုလျှင်မြန်ပေါ့ပါးပြီး အချိန်ကြာမြင့်စွာ ပျံသန်းနိုင်ရေးအတွက် နည်းပညာအသစ်တွေနဲ့ စမ်းသပ်နေကြောင်း သိရပါတယ်။ S3 2019 Hoverbike ကိုတော့ ဒူဘိုင်းရဲများ အတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အစီးအရေ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

Source : CNN

Leave a comment

Your email address will not be published.