ဒေါက်တာအေးမောင်၊စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂နဲ့ ထပ်မံစွဲချက်တင်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က ရခိုင်ပြည်နယ်၏ရှေ့ဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့မှာ ၂၃၃ကြိမ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျရှုံတဲ့နေ့ အခမ်းအနားပွဲ ကျင်းပခွင့်မရတဲ့အတွက် အနည်းဆုံး လူ၇ဦးသေဆုံးခဲ့တဲ့ ကိစ္စနဲ့ ဆက်လျှင်းပြီး ရသေ့တောင်မြို့နယ်တွင် ရခိုင်ပြည်နယ် သီးခြား အချုပ်အခြာအာဏာနဲ့ ပတ်သက်၍ ဟောပြောခဲ့တဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၈ရက်နေ့က ဖမ်းဆီးပြီး ရခိုင်ပြည်နယ် စစ်သွေအကျဉ်းထောင်မှာ ထိမ်းသိမ်းထားတာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)အပြင် မတရားအသင်းပုဒ်မ ၁၇/၁ တို့နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၉ က စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ထို့ပြင် ဖေဖော်ဝါရီလ ၉ရက်နေ့က ဒုကြိမ် ရုံးထုတ်စစ်ဆေးရာတွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂နဲ့ပါ ပေါင်းပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲဆိုခဲ့သည့်အပြင် ဦးဘသန်းဆိုသူကိုပါ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။

“စွဲတဲ့လူတွေဘက်ကတော့ ဒီလို ငြိစွန်းတယ်လို့ ယူဆပြီးတော့ စွဲပေမယ့် ဒီစွပ်စွဲခံရတဲ့ လူတွေကတော့ ဒီပုဒ်မတွေနဲ့ မမြောက်ပါဘူးလို့ မငြိစွန်းဘူးဆိုတာကို ပိုင်ပိုင်နိုင်နိုင် ကိုယ့်ဘက်က သက်သေပြဖို့ ၊ ကျမတို့အနေနဲ့ အစွန်းကုန်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။” လို့ စာရေးဆရာ ဦးဝေဟင်အောင်ဘက်က အကျိုးဆောင်ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဒေါ်အေးနုစိန်က ပြောပါတယ်။

စစ်တွေအကျဉ်းထောင်ကနေ ရသေ့တောင်တရားရုံးကို ရုံးထုတ်စစ်ဆေးစဉ်မှာတော့ ပင်လယ်ခရီးကနေ ခေါ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် မိသားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေဘက်က စိုးရိမ်ခဲ့ကြ သော်လည်း နောက်ရုံးချိန်း ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာတော့ စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *