ဒေါ့မွန်နဲ့ပွဲအပြီးတွင် အုပ်စုတက်ဖို့ သေချာသွားတဲ့ စပါးအသင်း

တော့တင်ဟမ်ဟော့စပါးအသင်းသည် ဒေါ့မွန်ရဲ့အိမ်ကွင်းတွင်သွားရောက်ကစားခဲ့ရာ ပွဲအပြီးတွင် ဒေါ့မွန် ၁ဂိုး စပါးအသင်က ၂ဂိုးနဲ့ အဝေးကွင်းမှာအနိုင်ရခဲ့ပါတယ်။

ယခုရမှတ်ဇယားအရတော့ တင်ဟမ်ဟော့စပါးအသင်းသည် ရမှတ် ၁၃မှတ်နှင့် ဇယား၏ထိပ်ဆုံးမှာဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အုပ်စုပထမနဲ့ အုပ်စုအဆင့်က တက်ရောက်ဖို့ သေချာသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲတွင် ခြေစွမ်းပိုင်းအရ နှစ်ဖက်စလုံးဟာကွာခြားမှုသိပ်မရှိခဲ့တဲ့ အတွက်ကြည့်ကောင်းတဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန် ၃၁မိနစ်တွင် အိမ်ရှင်ဖြစ်တဲ့ ဒေါ့မွန်အသင်းသည် အော့ဘာမီယန်း၏ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဖိအားပေးကစားနိုင်ခဲ့ပါသည်။ ဒုတိယပိုင်းတွင် တော့တင်ဟော့စပါးအသင်းက ချေပဂိုးရရန် တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် ၄၉မိနစ်မှာပဲ ဟယ်ရီကိန်း၏ သွင်းဂိုးနှင့် ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ထိုသို့ တစ်ဖက် ၁ဂိုးစီနဲ့ အပြင်းအထန်ကစားခဲ့ကြရာ ပွဲချိန် ၇၆မိနစ်မှာ ဆွန်မင်ယောင်က စပါးအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကိုသွင်းယူရရှိခဲ့ပါတယ်။

ဒေါ့မွန်အသင်းကလဲ ချေပဂိုးရရန် အပြင်းအထန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပဲ ပွဲချိန်ပြီးဆုံးခဲ့ရာ ၁ဂိုး ၂ဂိုးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက အနိုင်ရရှိခဲ့ပါတယ်။

Source : International Sports

Leave a comment

Your email address will not be published. Required fields are marked *