ဒေါ်လာ ၄၅ သန်းသုံးမယ့် သမိုင်းဝင်လက်ထပ်ပွဲ

ဗြိတိန်တော်ဝင်မင်းသား ဟာရီ (Harry)နဲ့ အမေရိကန် ဟော်လီဝုဒ်ရုပ်ရှင်သရုပ်ဆောင် မက်ဂန်မာကယ်(Meghan Markle) တို့ဟာ လာမယ့်မေလ ၁၉ရက်၊စနေ့မှာ ဝင်ဆာနန်းတော်မှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ဒီလက် ထပ်ပွဲကို တာဝန်ယူစီစဉ်နေတဲ့ကုမဏီက ဒေါ်လာ ၄၅ သန်းခန့်ကုန်ကျ မယ်လို့ The Sun သတင်းစာကို ပြောလိုက် ပါတယ်။
ဗြိတိန်ရဲ့ နံပါတ်တစ်လက်ထပ်ပွဲကိုစီစဉ်တဲ့ဝက်ဆိုဒ်နဲ့ အပလီကေးရှင်းတစ်ခုဖြစ်တယ်လို့ သူ့ကိုယ်သူ အမွှန်းတင်တဲ့ Bridebook.co.uk က တော်ဝင်လက်ထပ်ပွဲ အပိုင်းတစ်ခုစီအတွက် ကုန်ကျစရိတ်ကို တွက်ချက်ပေးလိုက်ပါတယ်။ ဒီလိုတွက်ချက်တဲ့အခါ ဘုရားကျောင်းကို တက်ရောက် လာမယ့် ဧည့်သည် ၈၀၀ ကို နေ့လည်စာဧည့်ခံကျွေးမွေးဖို့နဲ့ နောက်ထပ်ဧည့်ခံချိန်မှာတက် ရောက် လာမယ့် ပြည်သူ ၂၆၄၀ အတွက်ကို အခြေခံပြီး တွက်ချက်တာဖြစ်ပါတယ်။
အထူးလေ့ကျင့်ထားတဲ့ စနိုက်ပါတွေနဲ့ ရဲတွေပါဝင်တဲ့ လုံခြုံရေးအစောင့်အကြပ်အတွက် ကုန်ကျမယ့်ပမာဏက ဒေါ်လာ ၄၂သန်းကျော်မယ်လို့ ဆိုပါတယ်။ မာကယ်ရဲ့ အဝတ်အစားအတွက် ဒေါ်လာ၄၂၀၀၀၀ ကျော်ကုန်ကျပါ မယ်။ ဧည်သည် တွေအတွက် ဧည်ခံစရိတ် ၄၀၁၀၀၀၊ အသောက် အတွက် ၂၀၇၅၀၀ နဲ့ပေါင်းလိုက်ရင် စုစုပေါင်း ၄၄.၈ သန်း ကုန်မှာဖြစ် ပါတယ်။
Bridebook တည်ထောင်သူ Hamish Shephard က အခုလိုလက်ထပ်ပွဲတွေ ဈေးကြီး နေချိန်မှာ တော်ဝင် မင်းသား နဲ့ တစ်ကမ္ဘာလုံးက အာရုံစိုက်နေတဲ့ ဟော်လီဝုဒ်အကျော် အမော်နှစ်ဦးတို့ပေါင်းစပ်ထားတဲ့ ဒီလက်ထပ်ပွဲက ဆယ် စုနှစ်အတွင်းမှာ ကမ္ဘာသိလက်ထပ်ပွဲတစ်ခု ဖြစ်လာမယ်ဆိုတာ သံသယမရှိပါဘူးလို့ ဆိုပါတယ်။ အချော အလှ အမေရိကန်မင်းသမီးနဲ့ သူမအပေါ်ဂရုစိုက်တဲ့ တော်ဝင်မင်းသားတို့ရဲ့ နန်းဆောင်ထဲက လက်ထပ်ပွဲဟာ ပြောစမှတ်ပြု စရာ ယုံတမ်းပုံပြင်တစ်ခုလိုပဲ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ကြမှာလို့ ဆိုပါတယ်။
ဗြိတိန်မှာ ဧည်သည်၈၃ယောက်တက်မယ့် သာမန်လက်ထပ်ပွဲတစ်ခုအတွက်ကုန်ကျငွေက ဒေါ်လာ ၂၅၀၀၀ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *