ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ ပုလင်းထဲဓာတ်ဆီထည့်ပြီး ပစ်ခတ်မှုဖြစ်ပွား

ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ ခြံအမှတ် ၅၄၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ပုလင်းထဲ ဓာတ်ဆီထည့်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှာ သိရှိရပါတယ်။

ဓာတ်ဆီဆိုင်ဘက်ခြမ်းမှ ခြံထောက်အတွင်းသို့ ပုလင်းထဲဓာတ်ဆီထည့်ပြီး ပစ်ထည့်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ ကျူးလွန်ခဲ့သူကတော့ လက်ရှိ သက်သေတွေအရ လူမျိုးခြားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ ထိုသူကို လိုက်ဖမ်းနေပြီဖြစ်ကြောင်းကို ယနေ့မနက် ၁၁နာရီတွင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးထံမှာသိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *