နည်းပညာ ကုပ္ပဏီကြီးတွေကို တရုတ်က လက်ခံမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

နည်းပညာကုပ္ပဏီကြီးတွေဖြစ်တဲ့ Google၊ Facebook ၊ Twitter တို့ဟာ တစ်ကယ်လို့ ပေကျင်းရဲ့ ကန့်သတ်ထားတဲ့  ဆင်ဆာ လုပ်ထုံးလုပ်နည်းနဲ့ ထောက်လှမ်းခြင်းဆိုင်ရာကိစ္စရပ်တွေကို လိုက်နာနိုင်တယ်ဆိုရင်တော့ တရုတ်က ၎င်း ကုပ္ပဏီတွေကို ကြိုဆိုသွားမှာဖြစ်တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

တရုတ်မှာ အင်တာနက်နဲ့ ပတ်သက်ပြီးလာရောက်ရင်းနှီးမြှပ်နှံတာဟာ နည်းပညာကုပ္ပဏီကြီးတွေအတွက် အသုံးပြုသူတွေဆီကနေ အကျိုးအမြတ်အများကြီး ရနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှ လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဂျီနီဗာက ကုလသမဂ္ဂ ရုံးချုပ် ဖိုရမ်မှာ အင်တာနက် အုပ်ထိန်းသူတွေနဲ့ စကားပြောတဲ့အခါမှာ တရုတ်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေမှတ်ချက်ပြုတာက “နာမည်ကြီး ကုပ္ပဏီတွေဖြစ်တဲ့ Google တို့ Facebook တို့ဟာ ဘာလို့ တရုတ်မှာ လာရောက်မလုပ်ကိုင်ကြသေးတာလဲ” ဆိုတဲ့အချက်ပါပဲ။

ကွီရှိယိုရှီယာ က “တရုတ်ကို သီးသန့်ဖြစ်စေတဲ့ အချက်က ၂၀၁၀ က သဘောတူညီချက်ကြောင့်ဖြစ်ပြီး သူတို့ပြန်လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က ကြိုဆိုပါတယ်လို့” ဆိုပါတယ်။ “အခြေအနေတစ်ရပ်ကတော့ သူတို့က တရုတ်ရဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သည်းခံနိုင်ဖို့လိုအပ်ပါတယ်။ ဒါဟာ အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။ သူတို့သာ တစ်ကယ်လို့ စည်းကမ်းတွေကို လိုက်နာနိုင်ပြီး လုပ်ကိုင်တော့မယ်ဆိုရင် တရုတ်နိုင်ငံသားတွေနဲ့ အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်အောင်လုပ်ဆောင်လို့မရဘူးဆိုတာပါပဲ။

သမ္မတ ရှီကျင့်ပင် ရဲ့ခေါင်မာမာနဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေမှာတော့ တရုတ်ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုတွေဟာ နောက်ပိုင်းမှာ ပိုပိုပြီး လွတ်လွတ်လပ်လပ်ဖြစ်လာမှာပါဆိုတာကို ကတိပေးထည့်သွင်းထားပါတယ်။ သမ္မတရှီရဲ့ အမှာစကားကို တရုတ် လေးနှစ်မြောက်နှစ်ပတ်လည် ညီလာခံမှာ ဖတ်ကြားခဲ့ပြီး အမေရိကန်က အဲ့ဒီပွဲကို တက်ရောက်လာတဲ့  နည်းပညာကုပ္ပဏီကြီးတွေကလူတွေဖြစ်တဲ့ Google ရဲ့ အကြီးအကဲ စန်ဒါပီချိုင်း တို့လိုလူတွေကိုစဉ်းစားစေပါတယ်။

အဲ့ဒီဖိုရမ်မှာ မစ္စတာ ပီချိုင်းက ကွန်မြူနစ်ပါတီ က ခိုင်မာတဲ့ရပ်တည်ချက်ကြောင့် အချက်အလက်ရှာဖွေရေး ကဏ္ဍမှာ သက်ရောက်မှုရှိခဲ့ပြီး နည်းပညာကုပ္ပဏီကြီးတွေ ရဲ့ ဝန်ဆောင်မှုပေးခြင်း အစီအစဉ်တွေ တားမြစ်ခံလိုက်ရပါတယ်။

တရုတ်ဟာ ဆိုက်ဘာ အချုပ်အခြာအာဏာတည်မြဲရေး စိတ်ကူးအတွက် ကြိုးပမ်းနေပြီး ပြည်နယ်တွေကို ကိုယ့်ကိုယ်ပိုင်အင်တာနက် အသုံးပြုဖို့အတွက်လုပ်ဆောင်နေပြီး အခြားသောလွှမ်းမိုးမှု မပါအောင်လည်းလုပ်ဆောင်နေပါတယ်။ နောက်ပြီး မကြာသေးမီကအသစ်ထွက်ထားတဲ့ ဥပဒေကိုလည်း ပိုမိုခိုင်မာအောင်လုပ်ဆောင်နေပြီး အချက်အလက်တွေကိုလည်း ပြည်တွင်းမှာပင် ထိန်းသိမ်းနိုင်ဖို့လုပ်ဆောင်နေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *