နနွင်းနဲ့ဂျင်းလက်ဖက်ရည် သောက်သုံးရင် ရရှိနိုင်မည့် အကျိုးများ

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်က သွေးတွင်းမှာ မလိုအပ်တဲ့ ကိုလက်စရောပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် သွေးကြောများမှာ မကောင်းတဲ့အဆိပ်အတောက်တွေ အနည်ထိုင်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန်သောက်သုံးမယ်ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းများကို မဖြစ်စေပါဘူး။

အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်မှာပါဝင်တဲ့ နနွင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး ဂျင်းကတော့ အာရုံကြောစနစ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတဲ့အပြင် ဦးနှောက်တစ်ရှူးများ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်ပွားမှုများမှ ကာကွယ်ပေးခြင်း

နနွင်းနဲ့ဂျင်းပါဝင်တဲ့လက်ဖက်ရည်ကို နေ့စဉ်သောက်သုံးမယ်ဆိုရင် သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ရုံသာမက ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်က ဖျားနာခြင်းများနဲ့ အအေးမိဝေဒနာများကို သက်သာစေရုံသာမက ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

အသားအရေကို ကျန်းမာစေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် အရေပြားကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သလို အိုမင်းရင့်ရော်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်ကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကျန်းမာတဲ့အစာခြေစနစ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

သွေးတွင်းသကြားဓာတ်ပမာဏကို မျှတစေခြင်း

နနွင်းနဲ့ဂျင်းလက်ဖက်ရည်က သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်အတိုင်းလည်ပတ်စေဖို့ အထောက်အကူပြုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *