နယူဇီလန်ရှိ ဗလီကြီး ၂ ခုကို အကြမ်းဖက်တိုက်ခိုက်ရာ လူအမြောက်အမြား သေဆုံး

မတ်လ ၁၅ရက် သောကြာနေ့တွင် နယူဇီလန်ရှိ Al Noor ဗလီနှင့် Linwood ဗလီကြီး ၂ခု ကို အကြမ်းဖက် သမား များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူအမြောက်အမြား သေဆုံးခဲ့ပါတယ်။ရဲအရာရှိ Mike Bush က အကြမ်းဖက်သမား တစ်ဦးကိုပဲ တွေ့ခဲ့ပေမယ့် အကြမ်းဖက်မှုမှာ နောက်ထပ်ဘယ်သူတွေပါသလဲ ဆိုတာကိုတော့ သေချာမသိသေးပါဘူး လို့ ပြောပါတယ်။ မျက်မြင်သတ်သေတွေ ပြောပြချက်အရ ဒေသတွင်းမီဒီယာတွေလည်း ၎င်းတို့ အသက်ဘေးအတွက် ပြေးခဲ့ရသလို သေနတ်ဒဏ်ရာကြောင့် သွေးထွက်နေတဲ့ လူတွေလည်း ဗလီအပြင်ဘက် မြေကြီးပေါ်မှာ လဲကျနေ တယ်လို့ သိရှိရပါတယ်။

အာဏာပိုင်တွေက နောက်ထပ်အသိပေးစာ မပေးမချင်း ဗလီတွေကို ပိတ်ထားဖို့အကြံပေးခဲ့ပါတယ်။ Christchurch ရှိ စာသင်ကျောင်းတွေ အားလုံးကိုတော့ ချက်ချင်းပိတ်လိုက်ပြီလို့ သိရပါတယ်။ နယူဇီလန်ဝန်ကြီးချုပ် Jacinda Ardern က “အမှုဖြစ်ပွားပုံ အသေးစိတ်ကိုတော့ အခုထိ မသိရသေးပါဘူး။ ဒါပေမဲ့ ပြောနိုင်တာတစ်ခုကတော့ ဒါဟာ နယူးဇီလန် အတွက် အဆိုးရွားဆုံးနေ့ ဖြစ်တယ်ဆိုတာပဲ” လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။
Al Noor ဗလီရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ Hagley ပန်းခြံထဲက မျက်မြင်သတ်သေ တစ်ဦးပြောတာကတော့ မိုးကြိုး ပစ်တဲ့ အသံလိုကြားပြီးတဲ့နောက်မှာ ဗလီထဲကလူတွေ ပြေးထွက်လာကြပြီး တချို့တွေကတော့ ဗလီ အပြင်ဘက်က မြေကြီး ပေါ်မှာ သွေးတွေနဲ့ လဲနေတယ်လို့ ပြောပါတယ်။ ရဲအရာရှိ Herald ကတော့ အကြမ်းဖက်သမားဟာ Australia လူမျိုးဖြစ်နိုင်ကြောင်းနဲ့ အစွန်းရောက် ဝါဒီသမားတွေ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ ဗလီထဲက အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးပြောပြချက်အရ အကြမ်းဖက်သမားများဟာ ဝတ်ပြုနေတဲ့ သူတွေကို အဓိကထားပြီး ပတ်ခတ်သွားတာဖြစ်ကြောင်းသိရှိရပါတယ်။ အကြမ်းဖက်မှုခံခဲ့ရတဲ့ ဗလီ၂ ခုဟာ တစ်ခုနဲ့တစ်ခု မီတာ ၅၀၀ လောက်အကွာဝေးရှိပါတယ်။ အမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှု တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Sorce: BBC

Leave a comment

Your email address will not be published. Required fields are marked *