နယူးကလီးယားအရေး မြောက်ကိုးရီးယားခေါင်းဆောင်နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးတော့မည်

မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong-un နှင့် ရုရှား သမ္မတ Vladimir Putin တို့ နယူးကလီးယားနဲ့ ပတ်သက်ပြီး တွေ့ဆုံမည်ဖြစ်ကြောင်းကို Kim Jong-un က သူ့ရဲ့ကိုယ်ပိုင်ရထားနဲ့ ခရီးသွားနေစဉ် ပြောခဲ့တယ်လို့ သိရ ပါတယ်။ သူတို့တွေ့ ဆုံမည့်နေရာနှင့် အချိန်ကိုတော့ မသိရသေးပေမယ့် ရုရှားရှိ Vladivostok ကျွန်းမှာ ယခု က တည်းက ရုရှားနှင့် မြောက်ကိုးရီးယားအလံများကို ထောင်ထားတာတွေ့ရတဲ႔အတွက် Vladivostok ကျွန်းမှာ တွေ့ ဆုံမယ်လို့ ခန့်မှန်းထားကြပါတယ်။

ယခုနှစ် အစောပိုင်းကာလမှာ အမေရိကန်သမ္မတ Trump နှင့် မြောက်ကိုရီးယား သမ္မတ Kim တို့ တွေ့ဆုံပြီး နယူးကလီးယားကိစ္စ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့ပါဘူး။ ယခုမှာတော့ ရုရှားသမ္မတက ထပ်မံပြီး သဘောတူညီမှုရရှိရေးအတွက် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုတွေ့ဆုံမှုမှာ ထူးခြားတာကတော့ ရုရှားသမ္မတနှင့် မြောက်ကိုရီးယားသမ္မတတို့ဟာ Vladivostok ကျွန်းမှာ တစ်ခါမှ တွေ့ဆုံခဲ့ခြင်းမရှိ သေးတာ ပဲဖြစ်ပါတယ်။

ရုရှားဟာ အစောပိုင်းကာလတွေကတည်းက နယူးကလီးယား ပြဿနာကို ပါဝင်ဆွေးနွေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်တုန်းကလည်း အရင်မြောက်ကိုရီးယားသမ္မတဖြစ်သူ Kim Jong-un ရဲ့ အဖေ Kim Jong-il နှင့် ရုရှားသမ္မတ Dmitry Medvedev တို့ နယူးကလီးယားနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ ယခုလက်ရှိမှာတော့ မြောက်ကိုရီးယားဟာ နယူးကလီယားနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ငြိမ်သက်နေပေမယ့် ဧပြီ လ အစောပိုင်းမှာတော့ တာတိုပစ် နယူးကလီးယားဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့အတွက် ယခုလို သဘော တူ ညီ မှုရရှိအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *