နယူးဇီလန်ဆိုင်ရာ အမေရိကန်သံရုံးတွင် တရားမဝင်လျှို့ဝှက် ကင်မရာတစ်လုံး တွေ့ရှိ

နယူးဇီလန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထဲရှိ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံး အသုံးပြုတဲ့ အိမ်သာထဲတွင် တရား မဝင် လျှို့ဝှက် ကင်မရာတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သန့်ရှင်းင်းရေးသမားဟာ အိမ်သာထဲရှိ လေအေးပေး စက်ကို သန့်ရှင်းရေးလုပ်စဉ် ၎င်းကင်မရာ ထွက်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ၎င်း ကင်မရာဟာ လျှို့ဝှက် ကင်မရာတွေ၊ လျှို့ဝှက် အသံသွင်းပစ္စည်းတွေ အစရှိတဲ့ လျှို့ဝှက်လုပ်ငန်းသုံးပစ္စည်းတွေ ထုတ်လုပ် တဲ့ BrickHouse Security ကုမ္ပဏီရဲ့ Camera ဖြစ်တယ်လို့သိရပါတယ်။

ကင်မရာဟာ လေအေးပေးစက်ရဲ့ အောက်မှာ တိပ်နဲ့ ကပ်ထားပြီး ဖုန်များတက်နေတာဖြစ်ပါတယ်။ ဖုန်တက်နေခြင်းကို ကြည့်ခြင်းအားဖြင့် ကင်မရာကို တပ်ဆင်ထားတာ လအတော်ကြာပြီဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နယူးဇီလန် ရဲ များက ကင်မရာထဲရှိ Memory ကဒ်ကိုစစ်ဆေးခဲ့ရာတွင် ဖျက်ထားပြီဖြစ်တဲ့ ဖိုင် ၇၀၀ နှင့် မဖျက်ရသေးပဲ ကျန်ရှိ နေ တဲ့ဖိုင် ၇၀ ကို တွေ့ရှိခဲ့ပါတယ်။ ကင်မရာ မှာကျန်နေတဲ့ DNA ကို စစ်ခဲ့ရာ တရားခံဟာ Alfred Keating ဖြစ်နေ တာ ကို တွေ့ရှိခဲ့ရပါတယ်။

Mr Keating ဟာ အရင်က တော်ဝင်နယူးဇီလန် ရေတပ်မှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ရာထူး တိုးခံရပြီးနောက် နယူးဇီလန်ရှိ အမေရိကန်သံရုံးမှာ ရာထူးမြင့်ဖြင့် တာဝန်ယူဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရ ပါတယ်။

ကင်မရာမှာ ကျန်ရှိနေတဲ့ ပထမဦးဆုံး ဗီဒီယိုဖိုင်မှာ ရာဘာလက်အိတ်အပြာရောင်ကို ဝတ်ဆင်ထားတဲ့ Mr Keating ဟာ ကင်မရာကို တပ်ဆင်နေတာ တွေ့ရှိခဲ့ပါတယ်။ ရဲများက Mr Keating ရဲ့ Laptop ကိုစစ်ဆေးခဲ့ရာတွင်လည်း ၎င်းကင်မရာကို BrickHouse Security ကုမ္ပဏီမှ မှာယူထားတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့ပါတယ်။ Mr Keating ရဲ့ ပြစ်မှုနဲ့ ပတ်သက်ပြီး နယူးဇီလန်ကတာဝန်ယူ ဖြေရှင်းပေးရမှာဖြစ်ပြီး တရားရုံးက ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချမည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၁၈လ ကျမှာဖြစ်တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *