နယူးဇီလန် အမျိုးသားပါတီမှ Eminem သီချင်းကို ဖြတ်ညှပ်ကပ်လုပ်၍ မဲဆွယ်သဖြင့် လျော်ကြေးငွေ ပေးအပ်ရန် တရားရုံးမှ အမိန့်ချမှတ်

နယူးဇီလန်အမျိုးသား ပါတီက သူ့ရဲ့ ပါတီ အနိုင်ရဖို့အတွက် ၂၀၁၄ တုန်းက Eminem ရဲ့ “Esque” သီချင်းကို ၁၈၆ ကြိမ် တိုင်တိုင် တီဗွီမှာ ကြောငြာအနေနဲ့  ဖြတ်၊ညှပ်၊ကပ် လုပ်ပြီ ထည့်သွင်းမဲဆွယ်ခဲ့ပါတယ်။ ထုတ်ဝေသူတစ်ယောက်ဖြစ်သူ အိပ်မိုင်စတိုင် က ဒီသီချင်းဟာ ၂၀၀၂ တုန်းက ရပ်ပါတွေ အသည်းစွဲကြိုက်ခဲ့တဲ့ Lose Yourself က စာသားကို ခိုးချထားတာဖြစ်နိုင်တယ်လို့ တရားစွဲဆိုထားပါတယ်။

ခရိုင်တရားရုံးက တရားသူကြီးတစ်ဦးဖြစ်သူ ဟဲလင် ကူးလ် က ဒီမယ်ဆွယ်မှု ဟာ ပုံတူပွားမှုတစ်ခု လို့ယူဆရပြီး တစ်ကယ်လည်း ပုံတူပွားခဲ့ပါတယ်။ သူမက Eminem ဟာ Esque သီချင်းကို ရေးသားနေချိန်မှာ Lose Yourself သီချင်းကို သူ့ရှေ့မှာ ထားပြီးရေးတာ လုံးဝမဖြစ်နိုင် ဘူးလို့ပြောပါတယ်။

တရားသူကြီးက အဲ့ဒီသီချင်းကို အသုံးပြုတဲ့အတွက် လိုင်စင်ကြေးနဲ့ ပတ်သက်ပြီး ပေးဆောင်ရမယ့်တန်ဖိုးဟာ ဖြစ်နိုင်ခြေ ရှိမှုကို အခြေခံထားတာဖြစ်ပြီး အိပ်မိုင်စတိုင် က Lose Yourself ကို ကြောငြာတွေမှာထည့်သွင်းဖို့ ခွင့်ပြုချက်ကို အများကြီး သတ်မှတ်မထားပေမယ့်လည်း တရားရုံးက ပေးဆောင်ရမယ့်တန်ဖိုးကို သတ်မှတ်လိုက်တာပါ။ ပါတီက ဒီသီချင်းကို အသုံးပြုဖို့အတွက် ပညာရှင်တွေဆီကနေ အကြံဉာဏ်ရယူပြီးမှ လုပ်ဆောင်တာဖြစ်ပြီး အရမ်းကာရော အသုံးပြုတာမဟုတ်ဘူးလို့လည်းပြောပါတယ်။

အမျိုးသားပါတီကတော့ စည်းမျဉ်းစဉ်းကမ်းတွေကို စိတ်ပျက်မိတယ်လို့လည်း ပြောပါတယ်။ ပါတီရဲ့ သမ္မတဖြစ်သူ ဂွတ်ဖဲလ်လိုးပြောတာက “ကျွန်တော်တို့က သြစတေးလျ အခြေစိုက် သီချင်းထုတ်လုပ်ရေး ကနေ သီချင်း ရဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူခဲ့တာဖြစ်ပြီး ထိုသူတို့က အမေရိကန်ကနေ တင်သွင်းထားတာဖြစ်ပါတယ်။”

ပါတီက နောက်တစ်ဆင့်အတွက် တင်သွင်းသူ နဲ့ လိုင်စင်ကို ကိုင်ဆောင်ထားတဲ့ Esque သီချင်း ရဲ့ ပိုင်ရှင်ဖြစ်သူ Eminem တို့ ကို ချေပပြောဆိုဖို့အတွက် စဉ်းစားထားပြီးပါပြီလို့လည်းပြောပါတယ်။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *