နယူးဇီလန် Bay ကျွန်းတွင် လင်းပိုင်များနှင့် အတူရေကူးဆော့ကစားခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီ

နယးဇီလန်မြောက်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များအလွန်ကြိုက်နှစ်သက်သည့် Bay ကျွန်းတွင် ပြီးခဲ့တဲ့ ဇူလိုင်လမှစပြီး ခရီးသွားဧည့်သည်များ လင်းပိုင်းများနှင့်အတူ ရေးကူးခြင်းနှင့် ဆော့ကစားခြင်းများကို အာဏာပိုင် များက အပြီးပိုင်ပိတ်ပင်တားမြစ်လိုက်ပြီး ဖြစ်ကြောင်းသိရပါတယ်။ ထိုသို့ ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လင်း ပိုင်များ၏ သားဖွားမှုနှုန်းနဲ့ သူတို့ရဲ့ ကျန်းမာရေးအတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သုတေသီများ၏ပြောပြချက်အရ Bay ကမ်းခြေတွင် လင်းပိုင်များ လာရောက်ကျက်စားမှုနှုန်းဟာ ၁၉၉၉ ခုနှစ်တုန်း ကထက် ၆၆% အထိလျော့ကျသွားတာဖြစ်ပြီး တစ်နှစ်တစ်နှစ် လင်းပိုင်ငယ်များ သေဆုံးမှုဟာ ၇၅% အထိ တိုးပွား လာသောကြောင့် ကမ္ဘာပေါ်တွင် လင်းပိုင်ငယ်များသေဆုံးမှု အများဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ ဒီလိုဆိုးကျိုး တွေ ကြောင့် ခရီးသွားဧည့်သည်များကို လင်းပိုင်များနှင့်အတူ ရေကူးခြင်း၊ ဆော့ကစားခြင်းနှင့် အစာကျွေးခြင်း ကိစ္စရပ်များ ကို တားမြစ်လိုက်ရတာဖြစ်ပါတယ်။ သို့သော် လင်းပိုင်များဟာ Bay ကျွန်းနှင့် အလွန်ဝေးသည့်နေရာအထိ ပြောင်းရွေ့ သွားတာမဟုတ်ပဲ အနီးအနားတစ်နေရာမှာပဲ ရှိနေသေးတာဖြစ်ကြောင်းသိရှိရပါတယ်။

နယူးဇီလန်မှာပဲ လင်းပိုင်များနှင့် ပတ်သတ်ပြီးပိတ်ပင်တားမြစ်တာမဟုတ်ပဲ Hawaii မှာလဲ spinner လင်းပိုင် များ နှင့် ပတ်သက်ပြီး ဥပဒေအသစ်များ ထုတ်ပြန်ရန်စီစဉ်နေပြီးဖြစ်ကြောင်း သိရပါတယ်။ Hawaii မှာတော့ လူများက လင်းပိုင်အနားသို့ သွားရောက်ခြင်းကို တားမြစ်မှာဖြစ်ပြီး လင်းပိုင်များကိုယ်တိုင်က လူအနားသို့ လာရောက်ခြင်းကိုတော့ ခွင့်ပြုထားမှာဖြစ်ကြောင်းသိရပါတယ်။ အကြောင်းရင်းကတော့ လင်းပိုင်များထဲတွင်လည်း လူနှင့် အလွန်ယဉ်ပါးသော လင်းပိုင်များရှိပြီး ထိုလင်းပိုင်များက လူများနှင့်အတူ ဆော့ကစားချင်တဲ့ ဆန္ဒတွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *