နယူးယောက်က ထရန့်တာဝါကြီး မီးလောင် အမျိုးသားတစ်ဦးသေဆုံး

နယူယောက်ကထရန်ကတာဝါ မီးလောင်တဲ့အတွက် အမျိုးသားတစ်ဦးသေဆုံးပြီး မီးသတ်သမား ၄ဦး ဒါဏ်ရာရရှိခဲ့တယ် လို့ ဘီဘီစီသတင်းတစ်ပုဒ်အရသိရပါတယ်။သေဆုံးသူဟာ တာဝါမှာနေထိုင်သူဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံး သွားတယ်လို့ မီးသတ်တာဝန်ရှိသူတွေက ဆိုပါတယ်။ဒီတာဝါကြီးမှာ သမ္မတဒေါ်နယ်ထရန့်ရဲ့ နေအိမ်နဲ့ ရုံးခန်း လည်းရှိပါတယ်။ ဒါပေမဲ့အခုလက်ရှိမှာတော့ ထရန့်ဟာ ဝါရှင်တန်မှာပဲရှိနေပါတယ်။
မီးတောက်ဟာ လူနေအိမ်ခန်းတွေနဲ့ရုံးခန်းတွေရှိတဲ့ အထပ် ၅၀ က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ထရန့်က ဧပြီလ ၈ရက် မနက် ၅နရီ၁၂မှာ twitter ကနေ “တာဝါမီးကငြိမ်းသွား ပါပြီ။နည်းနည်းလေးပါ။ အဆောက်အဦးကလည်း သေချာဆောက်ထားတာပါ။ယောက်ကျားမိန်းမ မီးသတ်သမားတွေ၊အားလုံး တကယ်တော်ကြပါတယ်။သူတို့ကို ကျေးဇူး တင်တယ်လို့”ရေးသားခဲ့ပါတယ်။
နယူးယောက်မြို့တော်မီးသတ်ဋ္ဌာန အကြီးအကဲ Daniel Nigro ကတော့ အဆောက်အဦးထဲမှာ မီးခိုးတွေများ နေတဲ့အတွက် အခြေအနေတွေကိုရှုတ်ထွေးသွားစေတယ်လို့ နောက်ပိုင်းမှာသတိပေး ပြောကြားလိုက်ပါတယ်။ သူ့စကားကို ကိုးကားပြီး ရေးထားတဲ့မီးသတ်ဋ္ဌာနရဲ့ Twitter ပေါ်မှာတော့ “မီးက အထပ် ၅၀ မှာလောင်တာပါ။ လူနေခန်းတစ်ခန်းလုံးပါပဲ။မီးသတ်သမားတွေက ရဲရဲရင့်ရင့်နဲ့ တိုးဝင်ပြီး ငြိမ်းသတ်ကြရပါတယ်။အခန်းထဲမှာတွေ့ရတဲ့ အိမ်ရှင်တစ်ယောက်ကတော့ အတော့်ကို အခြေအနေဆိုးပါတယ်။ အင်မတန်ခက်ခဲတဲ့မီးပါ။ အဆောက်အဦး ကလည်းကြီး၊အထပ်လည်း ၅၀ ဆိုတော့ စဉ်းစားကြည့်ပေါ့။ ကျန်တဲ့ အဆောက်အဦးနေရာတွေမှာ မီးခိုတွေကလည်း အတော်များ တယ်။မီးသတ်သမား ၂၀၀ နဲ့ အရေးပေါ်ဆေးအဖွဲ့လည်း ပါတာပေါ့။ အခန်းတွေနဲ့ လှေကားတွေရှာရ တာလည်း များတယ် “လို့ ဆိုပါတယ်။
မြို့လယ်ခေါင် Manhattan က ထရန်ကတာဝါ အဆောက်အဦးပတ်ပတ်လည်လမ်းတွေ ကိုတော့ ပိတ်ထားလိုက် ပါတယ်။သမ္မကတော် မလာနီယာထရန့်ရဲ့ပြောခွင့်ရသူအမျိုးသမီးကတော့ သမ္မတကတော်နဲ့ သူ့သားတို့ဟာ ဝါရှင်တန် မှာရှိနေကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *