နယူးယောက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျသဖြင့် လူ(၂)ဦးသေဆုံး

ဩဂုတ်လ ၁၇ရက် စနေနေ့တွင် New York ပြည်နယ် Poughkeepsie မြို့ အရှေ့တောင်ဘက် 15 miles (24 kilometers) မှာရှိသော Union Vale ကျေးလက်မြို့အတွင်းမှ (၂)ထပ်အဆောက်အဦထဲသို့ လေယာဉ်ငယ် တစ် စင်း ပျက်ကျခဲ့သဖြစ် လူ(၂)ဦးသေဆုံးခဲ့ရပါတယ်။ ရဲများ၏ပြောပြချက်အရ ထိုလေယာဉ်ဟာ အင်ဂျင်ပိုင်းဆိုင်ရာမှာ ပြ ဿနာတစ်ခုခုရှိနေတယ်လို့ သိရပါတယ်။

ပျက်ကျခဲ့တဲ့ Cessna 303 လေယာဉ်ထဲတွင် လူ(၃)ဦးလိုက်ပါလာပြီး ဒေသစံတော်ချိန် 4:30 p.m တွင် ပျက် ကျခဲ့ ကာ (၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ အိမ်မှာတော့ (၃)ဦးရှိပြီး (၁)ဦး သေ ဆုံးကာ (၁)ဦးကပြင်းထန်တဲ့ ဒဏ်ရာရရှိပြီး ကျန်တစ်ဦးကတော့ ပျောက်နေတယ်လို့ သိရပါတယ်။ လေယာဉ် ပျက် ကျမှုကြောင့် ကြီးမားတဲ့ မီးလောက်မှုကြီးတစ်ခုဖြစ်ပွားခဲ့သဖြစ် မီးသတ်သမားများအပြင် ကယ်ဆယ်ရေးအဖွဲ့များပါ ဝိုင်းဝန်းကူညီပေးခဲ့ရတယ်လို့သိရပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့ ဗိုလ်ကြီး Paul DeQuarto ၏ပြောပြချက်အရ လေယာဉ်ဟာ Montgomery မြို့ရှိ Orange ခရိုင် လေယာဉ်ကွင်းမှ ထွက်ခွာလာကာ Sky Acres လေယာဉ်ကွင်းနဲ့ မိုင် ၄၀အကွာတွင် ဓာတ်ဆီဖြည့်ပြီး Long Island ရှိ Republic လေယာဉ်ကွင်းသို့ ဦးတည်မောင်းခဲ့သော်လည်း Sky Acres လေယာဉ်ကွင်းကို ကျော်ပြီး ၁မိုင်လောက် အကွာမှာပဲ ပျက်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Source : Time News

Leave a comment

Your email address will not be published. Required fields are marked *