နယူးယောက်တွင် e-cigarettes ရောင်းချမှုကို တားမြစ်လိုက်ပြီ

စက်တင်ဘာလ (၁၄)ရက် စနေနေ့တွင် New York အုပ်ချုပ်ရေးမှူး Andrew Cuomo က e-cigarettes များ ရောင်းချမှုကိုတားမြစ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့တဲ့အတွက်New York ရှိ မည်သည့်ဆိုင်မှ e-cigarettes ရောင်းချခွင့် မရှိတော့ပါဘူး။ ရောင်းချတာတွေ့လျှင်လည်း ထိထိရောက်ရောက် အရေးယူ အပြစ် ပေးခြင်းခံရမှာ ဖြစ်ပါတယ်။ ထိုအသစ်ချမှတ်လိုက်တဲ့ ဥပဒေကို သမ္မတ Trump နှင့် သမ္မတကတော် Melania Trump တို့က လည်း ထောက်ခံအားပေးကြောင်း Tweeter တွင် ရေးသားခဲ့ပါတယ်။

Andrew Cuomo ၏ ပြောပြချက်အရ e-cigarettes ထုတ်လုပ်သူများဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အသက်မပြည့် သေးတဲ့ လူငယ်များကိုစွဲလန်းစေရန်အဓိက ရည်ရွယ်ကာ e-cigarettes ကို အရသာမျိုးစုံဖြင့် ထုတ်လုပ်နေတာ ဖြစ်တဲ့ အတွက် တစ်နှစ်ထက်တစ်နှစ် လူငယ်တွေကြားမှာ e-cigarettes အသုံးပြုသူတွေ များလာပါတယ်။ ထိုမှတစ်ဆင့် ဆေးလိပ်စွဲသည်အထိ ပြောင်းလဲနိုင်တာကြောင့် ယခုလိုမျိုး ထိထိရောက်ရောက် တားမြစ်လိုက်ရတာဖြစ်ကြောင်း သိရှိရ ပါတယ်။

US ၏ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်ရေးဌာန၏ အတွင်းရေးမှူး Alex Azar က ပြီးခဲ့အပတ်တွေထဲက လာမယ့် ရက်(၃၀)အတွင်း အထူးတားမြစ်မယ့် ဥပဒေအသစ်ထွက်ရှိလာတော့မှာဖြစ်ကြောင်း ကြိုတင်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ထို့ကြောင့်လာမည့်၂၀၂၀ခုနှစ်မှာe-cigarettesကုမ္ပဏီများအနေဖြင့်သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းချ နိုင်ရန်အတွက် FDA ရဲ့ တရားဝင် ခွင့်ပြုလက်မှတ်လိုအပ်နေပြီဖြစ်ပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published. Required fields are marked *