နယူးယောက်မြို့တော်တွင် အိမ်ခြေမဲ့လူ ၄ ဦးအား ရိုက်သတ်မှုဖြစ်ပွား

အောက်တိုဘာလ ၅ ရက် စနေနေ့ နံနက်အစောပိုင်းတွင် New York မြို့Bowery လမ်းမကြီးပေါ်တွင် ဦးခေါင်း၌ ပြင်းထန်တဲ့ ဒဏ်ရာများရရှိကာ သေဆုံးနေသောလူ ၄ ဦးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရဲများထံသို့ အကြောင်းကြားတဲ့ အချိန်ဟာ နံနက် 1:50 လောက်မှာဖြစ်တယ်လို့ ရဲဌာန၏ ပြောပြချက်အရ သိရပါတယ်။

ရဲများ၏ ပြောပြချက်အရ အခင်းဖြစ်ပွားတဲ့ နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ အသက် ၂၄ နှစ်အရွယ်ရှိ သံသယရှိသူ အမျိုးသားကို ဖမ်းဆီးထားပြီးတဲ့အပြင် ၃ပေရှည်တဲ့သတ္တုပိုက်တစ်ချောင်းကိုလည်း တွေ့ရှိထားတယ်လို့ သိရပါ တယ်။ လက်ရှိမှာ သေဆုံးသွားသူတွေရဲ့ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးပေမယ့် ရဲများ က တော့ သူတို့တွေဟာ အိမ်ခြေမဲ့သူများဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published.