နယူးယောက်မြို့တွင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး

မြူများဖုံးနေတဲ့ ဇွန်လ ၁၀ရက် တနင်္လာနေ့က နယူးယောက်မြို့၊ရိပ်သာ ၇ လမ်းရှိ အမြင့်ပေ ၇၅၀ပေ(၂၂၉မီတာ)နှင့် အထပ်ပေါင်း(၅၀)ဖြင့် တည်ဆောက်ထားတဲ့ တိုက်အမှတ်(၇၈၇)AXAEquitable မိုးမျှော်တိုက် ခေါင်မိုးတွင် ရဟတ် ယာဉ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ အခင်းကြောင့် ရဟတ်ယာဉ်မောင်းသူဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ထို့ပြင် ရ ဟတ်ယာဉ်မှ ၁၂လက်မ(၃၀စင်တီမီတာ)ရှိ သတ္တုတစ်ချို့လည်း လမ်းပေါ်သို့လွင့်စင်ကာ ရဟတ်ယာဉ်လည်း မီး လောင် သွားခဲ့ပါတယ်။ အဆောက်အဦထဲက လူတွေကတော့ တစ်ဦးမှထိခိုက်မှုမရှိခဲ့ပါဘူး။ PTSD ကတော့ ၎င်း အမှုကို (9/11) အဆင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားမှုဟာ ဇွန်လ ၁၀ရက် နေ့လည် ဒေသစံတော်ချိန် 14:00 (18:00 GMT) တွင် ဖြစ်ပွားခဲ့တယ်လို့ သိရှိ ရပါတယ်။ အဆောက်အဦထဲကလူတစ်ဦး၏ပြောပြချက်အရ အခင်းဖြစ်ပွားမှုကြောင့် အဆောက်အဦတစ်ခုလုံး လှုပ်သွား ခဲ့ပါတယ်။ဘာဖြစ်လို့ ဖြစ်မှန်းမသိပဲ အဆောက်အဦထဲကလူတွေအားလုံးဟာ အဆောက်အဦထဲမှ ထွက်ပြေးခဲ့ကြတယ် လို့ သိရှိရပါတယ်။

ထူးခြားတာကတော့ AXA Equitable မိုးမျှော်တိုက်ခေါင်မိုးမှာ ရဟတ်ယာဉ်ရပ်နား ဖို့ ကွင်းမရှိပဲ ဘာကြောင့်၎င်း ရဟတ်ယာဉ် ရောက်လာသလဲဆိုတာပဲဖြစ်ပါတယ်။ အချို့ကတော့ ရာသီဥတုအခြေအနေကြောင့် အရေးပေါ်ဆင်းသက် ခဲ့တာဖြစ်နိုင်ကြောင်း ပြောကြားနေကြသော်လည်း မြို့တော်ဝန် Bill de Blasio ကတော့ ၎င်းဟာအကြမ်းဖက်မှု တစ်ခု ဖြစ်နိုင်ကြောင်းပြောကြားသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ AXA Equitable မိုးမျှော်တိုက်ဟာ Trump မိုးမျှော်တိုက် အနားမှာရှိနေလို့ပဲဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ Manhattan အရှေ့ဘက်ရှိ လေယာဉ်ကွင်းမှ 13:32 လောက်မှာ ထွက်ခွာခဲ့ပြီး ၁၁မိနစ် အကြာ မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြို့တွင်းသို့ ရဟတ်ယာဉ်ပျံသန်းခွင့်ဟာ နယူးယောက်မြို့၊ Queens ရှိ LaGuardia လေယာဉ်ကွင်းရဲ့ခွင့်ပြုချက်ရမှ ပျံသန်းခွင့်ရှိတာဖြစ်ပါတယ်။ သို့သော် ၎င်းလေယာဉ်ဟာ LaGuardia လေယာဉ်ကွင်းက ခွင့်ပြုထားခြင်းမရှိဘူးလို့ သိရှိရပါတယ်။ အခင်းရဲ့ ဖြစ်ပွားမှု အသေးစိတ်အကြောင်းအရာကိုတော့ စုံ စမ်းနေဆဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *