နယူးယောက်ရဲဌာန (NYPD) မှ ရဲတစ်ဦး မိမိကိုယ်ကိုသေနတ်ဖြင့်အဆုံးစီရင်ခဲ့

ဇွန်လ ၂၆ရက် ဗုဒ္ဓဟူးနေ့ ညတွင် နယူးယောက်ရဲဌာန (NYPD) ရှိ ရဲအရာရှိတစ်ဦး တာဝန်ပြင်ပအချိန်တွင် မိမိ ကိုယ်ကို သေနတ်ဖြင့်ပစ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း NYPD ၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ယခု အမှုနဲ့ပါဆို တစ်လအတွင်းမှာNYPDမှရဲများ မိမိကိုယ်ကိုအဆုံးစီရင်မှုဟာ (၄)ကြိမ်မြောက်ဖြစ်သွား ခဲ့ပြီးဖြစ်ပါ တယ်။

ရဲအရာရှိဟာ ဗုဒ္ဓဟူးနေ့ညတွင် နယူယောက်ပြည်နယ် Long Island မြို့၊ Hicksville ရွာရှိ သူ၏နေ၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ မြို့တော်ရဲ ကော်မရှင်နာအဖွဲ့၏ ပြောကြားချက်အရ အဆိုပါရဲဟာ စိတ်ဝေနာရောဂါကြောင့် မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တာဖြစ်ကြောင်း သိရပြီး တစ်နှစ်အတွင်း နယူယောက်ရဲ အရာရှိ များ စိတ်ဝေနာကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ (၆)မှုအထိ ရှိသွားခဲ့ပြီးဖြစ်ပါတယ်။

ခရစ်ယန်သင်းအုပ် နှင့် ဝန်ထမ်းအကူအညီယူနစ်တို့က စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နေသော ရဲများကို စဉ် ဆက်မပြက် ထောက်ခံအားပေးမှုတွေပြုလုပ်ပေးကြဖို့နှင့် သူတို့ရဲစိတ်ဝေသနာတွေကို ပျောက်ကင်းသက်သာအောင် ဆောင်ရွက်ပေးကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့Ruderman Family Foundation က လူအများစုဟာ ရဲများနှင့် မီးသတ်သမားများကို သူရဲကောင်းများအဖြစ် သတ်မှတ်ထား ကြသော်လည်း သူတို့ တွေဟာ လူထဲက လူတွေပဲဖြစ်ကြတဲ့အတွက် စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေ ရှိကြတဲ့အတွက် စိတ်ဖိစီးများတဲ့အခါ အခုလိုမျိုး အဆုံးစီရင်မှုတွေဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

NYPD က ရဲသားများအနေဖြင့် သူများကိုကူညီနိုင်ဖို့အတွက် မိမိကိုယ်ကိုဂရုစိုက်သင့်ကြောင်းနှင့် မိမိရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဝန်ထမ်းအကူအညီယူနစ်၊ ခရစ်ယန်ဂိုဏ်းသင်းအုပ်ယူနစ်နှင့် POPPA အဖွဲ့အစည်းတို့ဖြင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ်တုန်းကလည်း တစ်နိုင်ငံလုံးတွင် အနည်းဆုံး မီးသတ်သမား ၁၀၃ဦး၊ ရဲသား ၁၄၀ဦးတို့ မိမိကိုယ်ကိုအဆုံးစီရင်မှုရှိခဲ့ပြီး မီးသတ်သမား ၉၃ဦးနှင့် ရဲသား ၁၂၉ဦး တို့ဟာ တာဝန်ချိန်အတွင်း အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။

Source : ABC News

Leave a comment

Your email address will not be published. Required fields are marked *