နာမည်ကြီးအနုပညာရှင် Jeff Koons ၏ ယုန်ရုပ်အား ဒေါ်လာ ၉၁သန်းဖြင့် လေလံတင်ရောင်းချ

မေလ ၁၅ရက် ဗုဒ္ဓဟူးနေ့က New York ရှိ Christie’s လေလံအရောင်းပြခန်းတွင် ကျင်းပခဲ့တဲ့ လေလံပွဲမှာ နာ မည်ကြီး လက်မှုအနုပညာရှင် Jeff Koons ရဲ့ ပြောင်လက်နေတဲ့ စတီးရောင်ယုန်ရုပ်ဟာ ဒေါ်လာ ၉၁သန်းနဲ့ လေလံ ပစ္စည်းတွေထဲမှာ ဈေးအများဆုံးရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆လက အဲဒီလေလံခန်းမမှာပဲ ဈေးအများဆုံး အဖြစ်စံချိန် ချိုးခဲ့တဲ့ David Hockney ရဲ့ Portrait of an Artist (Pool with Two Figures) ပန်းချီးကားထက် ဈေးပိုရခဲ့သဖြင့် ယုန်ရုပ်ဟာ ဈေးအများဆုံးစံချိန်ချိုးသွားခဲ့ပြီဖြစ်ပါတယ်။ David Hockney ရဲ့ ပန်းချီကားဟာ ဒေါ်လာ ၉၀.၃သန်းဖြင့် လေ လံအောင်ခဲ့တာဖြစ်ပါတယ်။

Koons ရဲ့ ယုန်ရုပ်ဟာ ဒေါ်လာ ၅၀မှ ၇၀ ကြားအထိပဲဈေးရလိမ့်မယ်လို့ လေလံပြပွဲကို စီစဉ်တဲ့ Christie’s ကခန့်မှန်း ထားပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယုန်ရုပ်ကိုရောင်းရန် ဈေးခေါ်ပြီး ၁၀မိနစ်မှာပဲ ဒေါ်လာ ၈၀သန်းအထိ ဈေးပေး သူပေါ်လာခဲ့ပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးမှာတော့ ဒေါ်လာ 91,075,000 နဲ့ လေလံ ပိတ် လိုက်တယ်လို့ သိရပါတယ်။ Christie’s က ဗုဒ္ဓဟူးနေ့ လေလံပွဲဟာ ၂၀ရာစုနှစ်အတွင်း သူတို့ကျင်းပခဲ့တဲ့ လေလံပွဲ တွေအားလုံးထဲမှာ တကယ်ကိုအံ့ဩစရာကောင်းတဲ့ လေလံပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Koons ဟာ ဘောလုံး အရုပ်တွေကို သူ့ရဲ့အနုပညာနဲ့ ပေါင်းစပ်ပြီး ပုံဖော်ခဲ့တာကြာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်း ကလည်း သူ့ရဲ့ လိမ္မော်ရောင် ဘောလုံးခွေးရုပ်ကြီးကို ဒေါ်လာ ၅၈.၄သန်းနဲ့ လေလံပွဲမှာ ရောင်းချခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့ ညနေကရောင်းချခဲ့တဲ့ လေလံပစ္စည်းပေါင်း ၅၀ကျော်ရှိပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၅၄၀သန်းဖိုး ရောင်းချခဲ့ တယ်လို့ သိရှိရပါတယ်။ Koons ဟာ သူ့ရဲ့ ယုန်ရုပ်ကို ရောင်းချရန်အတွက် Christie’s လေလံပွဲစီစဉ်ပေးသူကို လေ လံခအနေနဲ့ ဒေါ်လာ ၃သန်းပေးခဲ့ရတယ်လို့ သိရပါတယ်။ New York မှာပြုလုပ်ကျင်းပတဲ့ အနုပညာလက်ရာ လေလံ ပွဲတွေထဲမှာ ဈေးအများဆုံးအဖြစ် စံချိန်ချိုးနေတာကတော့ ဒေါ်လာ ၁၁၀.၇သန်းဖြင့် ရောင်းချခဲ့တဲ့ ပန်းချီဆရာ Claude Monet ရဲ့ Haystacks ပန်းချီကားပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *