နားကြပ်နဲ့သီချင်းနားထောင်ခြင်းက အကြားအာရုံကို ထိခိုက်စေသလား?

လေ့လာတွေ့ရှိချက်များအရ နားကြပ်နဲ့သီချင်းအကျယ်ကြီးဖွင့်ပြီး နားထောင်ခြင်းကြောင့် အရွယ်ရောက်ပြီးသူခြောက်ယောက်မှာ တစ်ယောက်လောက် အကြားအာရုံပျောက်ဆုံးနေကြရပါတယ်။ နားကြပ်နဲ့ သီချင်းသံကို အမြင့်ဆုံးထားပြီး နားထောင်မယ်ဆိုရင် ၁၅ မိနစ်အတွင်း အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

ကျယ်လောင်တဲ့အသံတွေက နားအတွင်းပိုင်းမှာရှိတဲ့ မွေးညင်းလေးတွေကို ထိခိုက်စေပါတယ်။ နားအတွင်းပိုင်းက မွေးညင်းဆဲလ်လေးတွေက အာရုံခံမှုတွေကို အာရုံကြောတွေကတစ်ဆင့် ဦးနှောက်ဆီကို ပို့ပေးပါတယ်။ ကျယ်လောင်တဲ့အသံတွေက အဲ့ဒီမွေးညင်းဆဲလ်လေးတွေကို တုန်ခါစေပြီး ထိခိုက်စေတာကြောင့် အကြားအာရုံကို ထိခိုက်စေခြင်းဖြစ်ပါတယ်။

နားကြပ်အသုံးပြုတဲ့အခါမှာလည်း အသံထုတ်လွှတ်မှုကို အတိအကျထိန်းသိမ်းပေးနိုင်တဲ့ နားကြပ်မျိုးကို အသုံးပြုသင့်ပါတယ်။ သီချင်းနားထောင်တဲ့အခါ အကြားအာရုံကို ထိခိုက်စေနိုင်တဲ့အထိ အသံကိုကျယ်လောင်စွာ နားမထောင်ကြဖို့ အကြံပြုလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *