နိုင်ဂျီနီးယားနိုင်ငံတွင် ပိုက်ဆံ ၃၆သန်းကို မြွေမျိုလိုက်ပါတယ်။

နိုင်ဂျီးနီးယားနိုင်ငံရှိ စာမေးပွဲအတွက် စားမေးပွဲဖြေဆိုသူများကပေးထားသော စာမေးပွဲကြေး နိုင်ရာ ၃၆ သန်း (အမေရိကန် ဒေါ်လာ ၁သိန်း) ရှိတဲ့ ပိုက်ဆံတွေပျောက်သွားတာနဲ့ ပတ်သက်လို့ မြွေတစ်ကောင်က မျိုသွားတာဖြစ်တယ်လို့ စာမေးပွဲ စိစစ်ရေး ဌာနမှာ အလုပ်လုပ်နေတဲ့ စာရင်းမ Philomena Chieshe ကပြောခဲ့ပါတယ်။

ထိုသို့ တင်ပြချက်ကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုများ ပေါ်ပေါက်လာပြီး ၎င်းကိုလည်း အလုပ်မှ ထုတ်လိုက်ကြောင်း သိရပါတယ်။ မြွေတကောင်က ငွေ ၃ ဒသမ ၆ သန်းလောက်ကို မျိုချဖို့ဆိုတာ အချိန်ဘယ်လောက်ယူရမလဲ တွက်ကြည့်ပါအုံး၊ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ၊ စသည်ဖြစ် တွစ်တာလူမှုကွန်ရန်မှာ ရေးသားပြီး ဝေဖန်ပြောဆိုနေကြပါတယ်။ ဒီကိစ္စဟာ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကြားမှာ ရယ်စရာ ကိစ္စတစ်ခု အနေနဲ့ ပျံ့ပွားနေတာ ဖြစ်ပါတယ်။

နိုင်ဂျီးနီးယား အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ကော်မရှင်ကတော့ လင်းယုန်ငှက်က မြွေကို ဖမ်းထားတဲ့ပုံကို သူတို့ လူမှုကွန်ရက်မှာတင်ထားပြီး ပိုက်ဆံကိုမျိုချတဲ့ မြွေကို သနားပြီး အလွတ်ပေးမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *