နိုင်ဂျီးရီးယားတွင် Shell ကုမ္ပဏီ၏ဝါရင့်ဝန်ထမ်း (၂)ဦး ပြန်ပေးဆွဲခံရ

နာမည်ကြီး လောင်စာဆီထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Shell ကုမ္ပဏီ၏ ဝါရင့်ဝန်ထမ်း (၂)ဦးဟာ ဧပြီလ ၂၅ရက် ကြာ သပတေးနေ့မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အဆိုပါဝန်ထမ်း(၂)ဦးဟာ Bayelsa မြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်ပြီး အပြန် Rivers ဒေသတွင် ပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။ ပြန်ပေးဆွဲသူများဟာ ၎င်းဝန်ထမ်း(၂)ဦးကို စောင့်ရှောက်ဖို့အတွက် ကားမောင်းသမားအဖြစ် လိုက်ပါသွားတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်ဖြင့် ပစ်သတ်ကာ ပြန်ပေး ဆွဲသွားတာဖြစ်ပါတယ်။

ပြန်ပေးဆွဲရတဲ့ ရည်ရွယ်ချက်ကို အခုအချိန်အထိမသိရသေးပါဘူး။ တာဝန်ရှိသူတွေကတော့ ပြန်ပေးသမားများက ဝန် ထမ်းတွေကို ဘယ်နေရာခေါ်သွားလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ဝန်ထမ်းများ ဟာ ဘယ်နိုင်ငံသားဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကိုတော့ အသိပေးထားခြင်းမရှိပါဘူး။နိုင်ဂျီးရီးယားမှာ အခုလို ပြန် ပေးဆွဲ ငွေတောင်းခံမှုဟာ မကြာခဏဖြစ်ပွားနေတဲ့ အမှုတစ်ခုဖြစ်ပါတယ်။ ယခုလ အစောပိုင်းမှာ ဗြိတိသျှအမျိုးသမီး အဖွဲ့ကို ပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ ထိုအမှုမှာ ပြန်ပေးသမားများကို ပြန်လည်ခုခံခဲ့တဲ့ လူ(၂)ဦးသေဆုံး ခဲ့ရပြီး (၃)ဦးကတော့ ပြန်ပေးဆွဲခြင်းခံထားရပါတယ်။ ယခုအချိန်ထိ ပြန်ပေးဆွဲခံထားရတဲ့ သူများကို ကယ်တင်နိုင်ခြင်း မ ရှိသေးဘူးလို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *