နိုင်ငံခြားဘာသာစကားကို လေ့လာလိုသူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းများ

သင်ထောက်ကူပစ္စည်းများ

နိုင်ငံခြားဘာသာစကားကို လေ့လာမယ်ဆိုရင် စာလုံးပေါင်းသတ်ပုံတွေနဲ့ အသံထွက်မှန်ကန်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အသံပါဝင်တဲ့ဘာသာစကားသင်ကြားတဲ့ သင်ခန်းစာတွေလိုအပ်ပါတယ်။

နောက်တစ်ခုအနေနဲ့ သင်ယူမယ့့် ဘာသာစကားရဲ့ အခြေခံဖွဲ့စည်းပုံများနဲ့ မိခင်ဘာသာစကားနဲ့ တူတဲ့အချက်တွေနဲ့ ကွဲပြားတဲ့ အချက်တွေကို သိနိုင်ဖို့အတွက် အခြေခံ Grammar စာအုပ်နဲ့ အဘိဓ္ဓာန်စာအုပ်လိုအပ်ပါလိမ့်မယ်။

သင်ယူမယ့်ဘာသာစကားနဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေလည်း ဖတ်သင့်ပါတယ်။ အဲ့ဒီလိုစာအုပ်တွေဖတ်တဲ့အခါ အဘိဓ္ဓာန်စာအုပ်လေးပါဆောင်ပြီးဖတ်မယ်ဆိုရင် နေ့တိုင်း အဘိဓ္ဓာန်ကိုပါ လေ့လာဖြစ်သွားမယ့်အပြင် အဲ့ဒီစာအုပ်ထဲမှာပါတဲ့ Item တွေ၊ စာကြောင်းတည်ဆောက်ပုံတွေကိုပါ လေ့လာပြီသားဖြစ်သွားပါလိမ့်မယ်။

စတင်လေ့လာပါ

သင့်ဆီမှာ သင်ထောက်ကူပစ္စည်းတွေစုံပြီဆိုရင် စတင်လေ့လာနိုင်ပါပြီ။ ပထမဆုံး အသံပါဝင်တဲ့ သင်ခန်းစာတွေကို စတင်လေ့လာပါ။ နောက်ထပ်တစ်ဆင့်အနေနဲ့ အခြေခံကောင်းဖို့အတွက် Grammar ကိုလေ့လာပါ။ မိခင်ဘာသာစကားနဲ့ မတူတဲ့အချက်တွေကို မှတ်သားပြီး နားလည်အောင်ပြုလုပ်ပါ။

အဆင့်တိုးမြှင့်လေ့လာပါ

ဖေါ်ပြခဲ့တဲ့ အဆင့်နှစ်ဆင့်ကို ကျော်လွန်ခဲ့ပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ဘာသာစကားနှစ်ခု တွဲဖက်ပါဝင်တဲ့ စာအုပ်တွေဖတ်ပါ။ စာဖတ်တဲ့အခါမှာ ဖြစ်နိုင်ရင် အသံထွက်ဖတ်ပါ။ အဲ့ဒီလိုစာဖတ်ပေးတာက စကားပြောဆိုရာမှာ အထောက်အကူပြုတဲ့အပြင် မှတ်ဉာဏ်စွမ်းရည်ကိုပါတိုးတက်လာစေပြီး အသံထွက်နဲ့ နားလည်စွမ်းရည်ပါ တိုးတက်လာပါလိမ့်မယ်။စာဖတ်တဲ့အခါမှာ မြန်မြန်မဖတ်ဘဲနဲ့ စာကြောင်းတည်ဆောက်ပုံတွေ၊ Grammar တွေကိုပါ နားလည်အောင် ဖတ်မယ်ဆိုရင် ပိုပြီးအထောက်အကူဖြစ်စေမှာပါ။

အမြဲမပြတ်လေ့လာပါ

နေ့စဉ်လေ့လာခြင်းက ဘာသာစကားသင်ယူတဲ့သူတိုင်းအတွက် အရေးအကြီးဆုံးအချက်ပါ။ နေ့တိုင်းအချိန်ရရင်ရသလောက် နည်းနည်းချင်းလေ့လာပေးရင် လအနည်းငယ်ကြာတဲ့အခါ တိုးတက်မှုရှိလာပါလိမ့်မယ်။

လေ့ကျင့်သင်ကြားခြင်းအဆင့်မှ ရုန်းထွက်ပါ

ဖေါ်ပြထားတဲ့အချက်တွေအားလုံး ပြီးမြောက်သွားပြီဆိုရင် သင့်အနေနဲ့ လေ့လာထားတဲ့ ဘာသာစကားကို စတင်အသုံးချသင့်ပါပြီ။ သင်ယူထားတဲ့ ဘာသာစကားကို သုံးပြီးစကားပြောနိုင်မယ့် သူငယ်ချင်းကိုရှာပြီး စကားပြောပါ။ တကယ်လို့ဖြစ်နိုင်ရင် သင်လေ့လာထားတဲ့ ဘာသာစကားရဲ့ မိခင်နိုင်ငံကို သွားရောက်လည်ပတ်ပြီး သူတို့ရဲ့ လူနေမှုဘဝတွေနဲ့ ယဉ်ကျေးမှုတွေကို လေ့လာပါ။ လေ့လာထားတဲ့ ဘာသာစကားကို လက်တွေ့အသုံးချနိုင်ရင် သင်အနေနဲ့ အဲ့ဒီဘာသာစကားကို အကောင်းဆုံးလေ့လာခဲ့တယ်ဆိုတာ သေချာသွားပါပြီ။

Leave a comment

Your email address will not be published. Required fields are marked *