နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ဦးဆောင်၍ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေး ကိစ္စရပ်များ၊ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးကြေညာပြီးနောက် အခြေအနေများ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေးကိစ္စရပ်များ စသည်တို့ကို ဆွေးနွေး ကြ သည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ များဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသူ၊ ရင်းနှီးမြှု ပ်နှံမှုနှင့်အပြည်ပြည်ဆိုင်ရာ စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည် ဆိုင် ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက် တာ တင်မျိုးဝင်းနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက် ကြ သည်။

Source:(သတင်းစဉ်)

Leave a comment

Your email address will not be published.