နိုင်ငံတကာ အော်တိုမိုဘိုင်း အဖွဲ့ချုပ် (FIA) က တရားဝင် ကားပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရသွားတဲ့ Tesla

Tesla ဆိုတာက ကမ္ဘာမှာလက်ရှိအကောင်းဆုံးနဲ့ ခေတ်အမှီဆုံး လျှပ်စစ်ကားဖြစ်ပါတယ်။ အင်ဂျင်လုံး၀မပါပဲ ကားတစ်စီးလုံးကို လျှပ်စစ်နဲ့ လည်ပတ်တဲ့ ကားလည်းဖြစ်ပါတယ်။ အခုဆို Tesla က အလိုအလျောက် လူမပါပဲ ယာဉ်မောင်းစနစ်တွေပါပါဝင်ပြီး ကွန်ပျူတာမှတ်ဉာဏ်တွေပါ ပါဝင်လာပြီဖြစ်တယ်။ ဒီလို လျှပ်စစ်ကားက ကမ္ဘာမှာ စပေါ်လာတုန်းကတော့ အချို့လူတွေက အင်ဂျင်ကားရဲ့ အရည်အသွေးကို မမှီနိုင်ကြောင်း အမြန်နှုန်းက အင်ဂျင်ကားလောက်မကောင်းနိုင်ကြောင်း ထင်မြင်ချက်တွေ ပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ FIA က စည်းမျဉ်းစည်းကမ်းတွေနဲ့ ကားကြံ့ခိုင်မှုတွေကို သုံးသပ်ပြီး Tesla ကို ပြိုင်ခွင့်ပေးလိုက်ပါပြီ။ ဒီလိုဘာကြောင့် ပေးရလဲဆိုတာ လေ့လာကြည့်ရအောင်။

အမြန်နှုန်း နဲ့ ကြံ့ခိုင်မှု။

Tesla ရဲ့ အမြန်နှုန်းက 0 to 60 miles per hour ရောက်ဖို့ ၂.၃ စက္ကန့်သာကြာပါတယ်။ ဒီလို အမြန်နှုန်းရောက်အောင် မောင်းနိုင်တဲ့ကားက အင်ဂျင်ကားထဲမှာတောင် ပြိုင်ကားတိုင်း မရနိုင်ပါဘူး။ အင်ဂျင်ကားတွေ brake အုတ်တဲ့အချိန်မှာ ချက်ချင်းမရပ်နိုင်ပေမယ့် လျှပ်စစ်ကားတွေက အရှိန်သေဖို့ အချိန်သိပ်မယူရပါဘူး။ ဘာလို့လဲဆိုတော့ လျှပ်စစ်ကားတွေက လျှပ်စစ်မော်တာနဲ့ လည်ပြီး ရပ်ချင်ရင်လည်း ချက်ချင်း ရပ်နိုင်တာကြောင့်ဖြစ်တယ်။ အင်ဂျင်ကားတွေက brake အုတ်တဲ့အချိန်မှာ ချက်ချင်းမရပ်ပဲ အရှိန်ကျန်နေသေးတာကြောင့် ကားလွင့််စင်ထွက်သွားတာမျိုး ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းများပါတယ်။

Tesla ကားက အင်ဂျင်တုံးမပါတာကြောင့် weight မစီးတဲ့အပြင် ကားအောက်ခြေမှာ Battery Pack ထားတာတာကြောင့် (Centre of Gravity) က မြေပြင်နဲ့ အနီးကပ်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကား ပက်လက်လန်ပြီး မှောက်တာမျိုး ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းနည်းပါတယ်။ အခု ပြိုင်ပွဲအတွက် ခွင့်ပြုထားတဲ့ Tesla Model S က အခြား လမ်းမှာသွားနေကြတဲ့ ကားနဲ့တူပေမယ့် ကားအထဲပိုင်းမှာ သံFrame တွေ အစားထိုးထားပါတယ်။ မတော်တဆ ဖြစ်ခဲ့ရင် ကားခံနိုင်ရည်ရှိစေတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ FIA ကားမောင်းလိုင်စင် ရထားတဲ့ ကျွမ်းကျင်ကားမောင်းသမားတွေတိုင်း Telsa ကို မောင်းနှင်ခွင့် ရရှိပါပြီ။

ဒါ့အပြင် Electric GT ကားပြိုင်ပွဲမှာလည်း Tesla က တရားဝင်မောင်းနှင်ခွင့်ရတဲ့ ကားစာရင်းထဲမှာ ပါဝင်သွားပါတယ်။ Electric GT ရဲ့ CEO, Mark Gemmell က အခြားနာမည်ကြီးကား company တွေဖြစ်တဲ့ Porsche က လျှပ်စစ်ကားတွေလည်း ပြိုင်ခွင့်ရသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published.