နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်

ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရန်ကုန်တိုင်းတာမွေမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ကြေငြာလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည် ထောင်စုလွှတ်တော်မှာ ဆန္ဒမဲပေးသူ ကိုယ်စားလှယ်ပေါင်း ၆၃၆ ဦးကလျှို့ဝှက် ဆန္ဒပေးကြရာမှာ ဦးဝင်းမြင့် က ၄၀၃ မဲ၊ ဦးမြင့်ဆွေက ၂၁၁ မဲနဲ့ ဦးဟင်နရီ ဗန်ထီးယူက ၁၈မဲ အသီးသီးရရှိခဲ့ကြပါတယ်။ ပယ်မဲက ၄မဲဖြစ်ပါတယ်။
ထူးခြားတာကတော့ ဒီတစ်ကြိမ်လည်း ပယ်မဲ ၄ မဲ တွေ့ရတာပါပဲ။ ယခင် ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတ ရွေးစဉ်ကလည်း ဒီလိုပဲ ပယ်မဲ ၄ မဲရှိခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ အရေးကြီးတဲ့ ဆန္ဒမဲပေးတဲ့အလုပ်ကို မှန်ကန်အောင် မလုပ်ဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးရှိနေတယ်ဆိုတာကတော့ သေချာနေပါပြီ။ နောင်ရွေးကောက်ပွဲတွေမှာ ပါတီကိုသာမက လူကိုပါ မှန်ကန်အောင်ရွေးချယ်ကြဖို့ အရေးကြီးတယ်ဆိုတာ ပြည်သူ တွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

Leave a comment

Your email address will not be published. Required fields are marked *