နေ့စဉ်ဘဝကို ဖြတ်သန်းရင်း ကုသိုလ်ရနေအောင် ဘယ်လိုလုပ်မလဲ

သင်ကို့ ကုသိုလ်ရချင်ပါသလား၊ကုသိုလ်လိုချင်ပါသလားလို့ မေးမယ်ဆိုရင် သင်က ဘယ်လိုမေးလိုက်ပါလိမ့် ရချင်တာ ပေါ့လို့ လွယ်လွယ်ပဲဖြေပါလိမ့်မယ်။ မှန်ပါတယ်။ကုသိုလ်ဆိုတာ ကောင်းတဲ့ အရာလို့ နားလည်တဲ့အတွက် လူတိုင်းက လိုချင်ကြတာဖြစ်ပါတယ်။ ဒါဆိုရင် လူတိုင်းလိုချင်တောင့်တတဲ့ ကုသိုလ်ဆိုတဲ့ အမှုကိစ္စကို လူတိုင်းတကယ် ရကြ ပါရဲ့လား။ လောကဓမ္မအလိုအရဆိုရင်တော့ ပုထုဇဉ်ဖြစ်နေသေးတဲ့လူတိုင်းဟာ ကုသိုလ်ကိုမရရုံတင်မက အချိန်နဲ့အမျှ အကုသိုလ်တွေသာ ရနေတယ်လို့ဆိုနိုင်ပါတယ်။
ဘာကြောင့် အကုသိုလ်တွေသာရနေရတာလဲ။ပုထုဇဉ်တွေရဲ့ စိတ်ဟာ မကောင်းတဲ့ အရာတွေမှာ မွေ့လျော်ပျော်ပို က်တတ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကို ခေါက်ရိုးကျိုးနေတဲ့ စိတ်လို့ ပြောရမှာဖြစ်ပါတယ်။ တနည်းပြောမယ်ဆိုရင် ချဉ်ဖတ် အိုးကြီးလိုပဲလို့ နှိုင်းယှဉ်ပြောလို့ရပါတယ်။ ချဉ်ဖတ်အိုးကြီးထဲကို ထည့်လိုက်သမျှအရာတွေဟာ ချဉ်ပြီးထွက်လာတာ ချည်းပါပဲ။ ဘယ်စိတ်ပဲပေါ်လာပေါ်လာ အကုသိုလ်ဆီကို သွားတာပါပဲ။
ကဲဒါဆိုရင် ကုသိုလ်ရအောင်ဘယ်လိုလုပ်ရမလဲ။ စောစောက ကုသိုလ်လိုချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ကုသိုလ်ရ အောင်လုပ်တဲ့နည်းလည်းဗုဒ္ဒဝါဒမှာရှိပါတယ်။ကုသိုလ်ရအောင်လုပ်နိုင်တဲ့နည်း(၄)နည်းရှိပါတယ်။
(၁) ဆုံးဖြတ်ချက်ချလိုက်ပါ။(Determination)
ပထမဆုံးနည်းကတော့ “ ငါ့စိတ်ထဲမှာ ကုသိုလ်ပဲဖြစ်စေရမယ်။အကူသိုလ်မဖြစ်စေရဘူး”လို့ ဆုံးဖြတ်ချက်ချရပါမယ်။ ဒါဟာ ဖြစ်ပေါ်လာသမျှအာရုံတွေ ချဉ်အိုးကြီးထဲမရောက်အောင် ပထမဆုံးချမှတ်ရမယ့် မူဖြစ်ပါတယ်။ ဒီအဆင့်ပြီးတာနဲ့ နောက်အဆင့်တစ်ခုက ထပ်ချပ်မကွာလိုက်ပါဖို့ လိုပါတယ်။အဲဒါကဘာလဲ။
(၂) ကုသိုလ်ဘက်သို့ ကိုင်းညွတ်ထားပါ။ (Inclination)
အချိန်နဲ့အမျှအာရုံတွေနောက်ကို လိုက်ပါနေတဲ့ စိတ်အစဉ်ကို သတိနဲ့ ဆွဲငင်ချည်နှောင်ပြီး ကုသိုလ်စိတ် ဆီသို့ကိုင်း ညွတ်ထားဖို့လိုပါတယ်။အဆင့်(၁)ဆုံးဖြတ်ချက်ခိုင်မာသလောက် အဆင့်(၂)ရဲ့ လုပ်ဆောင်ချက်တွေ ပီပြင်ပါလိမ့်မယ်။
(၃) သတိရှိပါ။(Attention)
မိမိရဲ့ စိတ်အစဉ်ကို သတိနဲ့စောင့်ကြည့်နေတာမျိုးကိုနှလုံးသွင်းတယ်လို့လည်းပြောနိုင်ပါတယ်။
(၄) အလေ့အကျင့်ဖြစ်အောင်လုပ်ပါ။(Practice)
ဘယ်လို အာရုံနဲ့ပဲတွေ့တွေ့ ကုသိုလ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အလေ့အကျင့်လုပ်ပါ။ကုသိုလ်ဆီကို တိမ်း ညွတ်တဲ့စိတ်ဖြစ်အောင်လေ့ကျင့်ပါ။ အာရုံနဲ့ သတိစွဲမြဲအောင်လေ့ကျင့်ပါ။
အထက်ဖေါ်ပြခဲ့တဲ့ နည်း(၄)နည်းဟာမိမိရဲ့ကံကိုပြုပြင်တဲ့အတွက် ဒီလေးချက်နဲ့ရနိုင်တဲ့ ကုသိုလ်ကို ဗုဒ္ဓအလိုအရ ကာမာ ဝစရကုသိုလ်၊တနည်းဆိုရင် ကာမကုသိုလ်လို့ ဆိုပါတယ်။ဒီကုသိုလ်ဟာ သာမန်လူတွေအတွက် ရိုးရိုးပကတိ အနေ အထားနဲ့ ကြိုးစားရယူနိုင်တဲ့အတွက် လူတိုင်းဂရုတစိုက်ကြိုးစားမယ်ဆိုရင် နေ့စဉ်ဘဝကိုပုံမှန်ဖြတ်သန်းရင်း အကျိုးများပါ လိမ့်မယ်ဆိုတာ ရေးသားလိုက်ရပါတယ်။

ကိုးကား။အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒာမာလာဘိဝံသ(Ph.D)၏ ပဋ္ဌာန်းမြတ်ဒေသနာ

Leave a comment

Your email address will not be published. Required fields are marked *